Movie Name
Jalan Pulang (2025)
Year
2025
Generes
Horror, Thriller
Code
OT0245
Type
Movie
Size
696 MB
Country
Others
Description
လတ်စတီနီဟာ ခင်ပွန်းဖြစ်သူသေဆုံးမှုကြောင့် ပူဆွေးသောကတွေ မဆုံးသေးခင်မှာပဲ သမီးဖြစ်သူက ဗွေဖောက်လာပြန်တဲ့အတွက် သောကရောက်နေရတဲ့ မုဆိုးမတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတစ်ဖြည်းဖြည်းသိလာရတာက သမီးဖြစ်သူရဲ့ဝေဒနာဟာ ခေတ်ပေါ်ဆေးဝါးတွေ၊ ကုသနည်းတွေနဲ့ကုမရနိုင်တဲ့ အမှောင့်ပယောဂတစ်ခုခုဖြစ်နေတယ်ဆိုတာပါ။ အစပိုင်းမှာ ဒါတွေကိုအယုံအကြည်မရှိ၊လက်မခံခဲ့တဲ့သူဟာ မယုံပဲနေလို့မရတော့လောက်အောင် ခြောက်ခြားစရာအဖြစ်တွေ အန္တရာယ်တွေကိုရင်ဆိုင်လာရချိန်မှာတော့ နတ်ဆရာ အောက်လမ်းဆရာတွေတစ်ယောက်ပြီးတစ်ယောက် ပြောင်းပြီးပြရပါတော့တယ်။ ဒါပေမယ့်လည်း သူ့သမီးအပေါ်စွဲကပ်နေတဲ့ မကောင်းဆိုးဝါးက အစွမ်းထက်လွန်းပြီး တွေ့သမျှ ဆရာတွေအားလုံးကိုနောက်ကောက်ချနိုင်အောင်ကြမ်းတမ်းလွန်းနေတဲ့အခါမှာတော့ ဒီကျိန်စာ ဒီစွဲကပ်မှုရဲ့ နောက်ကွယ်ကဖြစ်ရပ်တွေကိုလိုက်လံစုံစမ်းရင်း သူကိုယ်တိုင် အစွဲချွတ်ရတော့မှာဖြစ်ပါတယ်။ ခေတ်ပေါ်အင်ဒိုဟော်ရာကားပီပီ အသတ်အဖြတ်၊အခြောက်အလှန့်တွေအရမ်းကြမ်းတဲ့အတွက် ကြည့်ရဲမှကြည့်ကြပါ။