-
Movie Name
-
Would You Marry Me(2025)
-
Year
-
2025
-
Generes
-
Comedy, Drama
-
Code
-
SKR1121
-
Type
-
Series
-
Size
-
6.29 GB
-
Country
-
Korea
-
Description
-
1-12 Complete
ဂင်ဝူဂျူ (Choi Woo-Shik) ကတော့ သက်တမ်း နှစ် ၈၀ ရှိ မြောင်ဆွန်းဒန်မုန့်တိုက်ရဲ့
စတုတ္ထမျိုးဆက်တစ်ဖြစ်လဲ မြောင်ဆွန်းဒန်မှာ မားကတ်တင်းအဖွဲ့မှူးအဖြစ် လုပ်ကိုင်နေသူပါ။
ယူမယ်ရီ (Jung So-Min) ကတော့ "ယူမယ်ရီဒီဇိုင်း" ကုမ္ပဏီရဲ့ ကိုယ်စားလှယ်ဖြစ်ပြီး မင်္ဂလာဆောင်မလုပ်ခင်
တစ်လအလိုမှာပဲ ကြိုတင်လက်ထပ်မှတ်ပုံတင်ပြီးသား ချစ်သူ ဂင်ဝူဂျူ (မြောင်ဆွန်းဒန် ဂင်ဝူဂျူနဲ့ နာမည်တူ) က
ဖောက်ပြန်နေမှန်းသိလိုက်ရတာမို့ မင်္ဂလာမဆောင်ရသေးခင်မှာတင် ကွာရှင်းရဖို့ အကြောင်းဖန်လာပါတော့တယ်။
အပူပေါ် အပူဆင့်တယ်ဆိုတဲ့ စကားအတိုင်း ချေးငွေနဲ့ ငှားထားရတဲ့ ကြင်စဦးအိမ်ကလည်း
စပေါ်ငွေလိမ်လည်ခံလိုက်ရပြီး အကြွေးတွေပဲ စုပုံကျန်နေခဲ့တဲ့ မယ်ရီ...
အဲဒီအချိန်မှာပဲ ကြားလိုက်ရတဲ့ သတင်းကောင်းက ကုန်တိုက်ကံစမ်းမဲပွဲကြီးတစ်ခုမှာ ကြင်စဦးဇနီးမောင်နှံတွေပဲ
ဝင်နေထိုင်လို့ရမဲ့ ဝမ် ၅ ဘီလီယံတန် အဆင့်မြင့် townhouse ကို မဲပေါက်သွားပါတယ်တဲ့....
အမည်ပေါက်ပြောင်းလဲဖို့အတွက် ရက် ၉၀ အလို...
ရက် ၉၀ အတွင်းမှာသာ လူမမိအောင် နေနိုင်မယ်ဆိုရင် ဝမ် ၅ ဘီလီယံတန် အိမ်ကြီးရဲ့ ပိုင်ရှင်ဖြစ်လာမယ်ဆိုတဲ့
စိတ်ကူးနဲ့ မယ်ရီတစ်ယောက် ရည်းစားဟောင်းနဲ့ နာမည်တူတဲ့ ဝူဂျူကို ခင်ပွန်းအဖြစ် ဟန်ဆောင်ပေးဖို့
ကမ်းလှမ်းဖြစ်သွားတဲ့အခါမှာတော့...
အစစ်ထက်တောင် အစစ်နဲ့ ပိုတူဖို့လိုတဲ့ အတုအယောင် ကြင်စဦးဘဝလေးကို ဝူဂျူနဲ့ မယ်ရီတို့
ချောချောမွေ့မွေ့ ဖြတ်ကျော်နိုင်ပါ့မလားဆိုတာကို ရင်ခုန်စွာနဲ့ စောင့်ကြည့်လိုက်ရအောင်လားရှင်...