Movie Name
My Daughter Is A Zombie (2025)
Year
2025
Generes
Comedy, Thriller
Code
KR0659
Type
Movie
Size
815 MB
Country
Korea
Description
ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ရုပ်ရှင်ကတော့ ဒီနှစ်ထွက်တဲ့ ကိုရီးယားရုပ်ရှင်တွေထဲမှာ ရုံဝင်အကောင်းဆုံးဖြစ်တဲ့ My Daughter is a Zombie ဆိုတဲ့ ရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။ နာမည်ကြီး webtoon တစ်ခုဖြစ်တဲ့ Yun-chang Lee ရဲ့ နာမည်တူ webtoon ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာဖြစ်ပြီး‌ ဇွန်ဘီဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ သမီးလေးကို ကာကွယ်ဖို့အတွက် မိခင်ဖြစ်သူရဲ့ ကျေးလက်အိမ်မှာ ခိုလှုံရင်း ရုန်းကန်နေရတဲ့ ဖခင်တစ်ဦးရဲ့ ဇာတ်လမ်းလေးကို ဟာသနှောပြီး ပုံဖော်ထားပါတယ်။ Cast တွေအနေနဲ့လည်း ထွက်သမျှကားတိုင်း ပေါက်တဲ့ Jo Jung-suk, Lee Jung-eun, Cho Yeo-jeong, Yoon Kyung-ho နှင့် Choi Yoo-ri တို့မှ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ -ဇာတ်လမ်းအကျဉ်း- ကျားတွေကို ထိန်းကျောင်းလေ့ကျင့်ရေးပညာရှင် ဂျောင်ဟွမ် နဲ့ အကပညာကို စိတ်အားထက်သန်တဲ့ သူ့ရဲ့ ဆယ်ကျော်သက်သမီး ဆူအာတို့ဟာ နေ့တိုင်း တကျက်ကျက်နဲ့ စကားများနေတတ်ကြတဲ့ သားအဖတွေပေါ့။ တစ်နေ့ ကမ္ဘာအနှံ့ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လာပြီး ဆူအာက ဗိုင်းရပ်စ်ကူးစက်ခံရကာ ဇွန်ဘီအဖြစ်သို့ ပြောင်းလဲသွားပါတော့တယ်။ အဲဒီမှာပဲ ဂျောင်ဟွမ်တစ်ယောက် ဇွန်ဘီဖြစ်သွားတဲ့ သူ့သမီး ဆူအာကို ကာကွယ်ဖို့ သူ့အမေ နေထိုင်တဲ့ ကမ်းခြေကျေးရွာလေးဖြစ်တဲ့ အွန်းဘုံးရီရွာကို စွန့်စွန့်စားစားနဲ့ ထွက်လာခဲ့ရတဲ့အချိန် တစ်ဖက်မှာလည်း အစိုးရနဲ့ စစ်တပ်အာဏာပိုင်တွေက ဇွန်ဘီဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို အမြစ်ပြတ်ချေမှုန်းဖို့ လုပ်ဆောင်နေကြတာပေါ့။ တဖြည်းဖြည်းနဲ့ ဇွန်ဘီလေး ဆူအာဟာ လူတွေပြောတာကို နားလည်တဲ့ အရိပ်အယောင်တွေပြသလာပြီး သူ့အကြိုက်ဆုံးအရာတွေဖြစ်တဲ့ အကနဲ့ အဖေနဲ့ အဘွားဖြစ်သူကို ပြန်လည်တုံ့ပြန်တဲ့ အပြုအမူတွေ ပြသလာတာကြောင့် ဂျောင်ဟွမ်ဟာ သမီးကို လက်မလျှော့နိုင်ဘဲ နှစ်ပေါင်းများစွာ ကျား‌ ထိန်း‌ကျောင်းလေ့ကျင့်‌ရာမှာ အသုံးပြုခဲ့တဲ့ သူ့ရဲ့အတွေ့အကြုံတွေကို အသုံးချပြီး ဇွန်ဘီဖြစ်နေတဲ့ သမီးဖြစ်သူကို စတင်လေ့ကျင့်ပေးပါတော့တယ်။ နောက်ဆုံးမှာတော့ သမီးဖြစ်သူ မှတ်ဉာဏ်တွေ ပြန်ရပြီ လူပြန်ဖြစ်လာနိုင်မလား.... ဇွန်ဘီအဖြစ်နဲ့ပဲ အသတ်ခံလိုက်ရမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။