-
Movie Name
-
Virtual Revolution (2016)
-
Year
-
2016
-
Generes
-
Action, Crime, Sci-Fi
-
Code
-
00955
-
Type
-
Movie
-
Size
-
794 MB
-
Country
-
Hollywood
-
Description
-
နည်းပညာဆိုတာ တိုးတက်တိုင်းကောင်းတာဟုတ်ရဲ့လား။ နည်းပညာတွေတိုးတက်တဲ့ ၂၀၄၇မှာ လူတွေဟာ တကယ့်လောကမှာ မနေတော့ဘူး။ သူတို့ဟာ ပုံရိပ်ယောင်လို့ခေါ်တဲ့စိတ်ကြိုက်ဖန်တီးလို့ရတဲ့ ကမ္ဘာမှာနေကြတယ်။ အဲ့မှာနေဖို့တချိန်လုံး လိုင်းသုံးနေကြပြီး ကျန်းမာရေးတွေချို့တဲ့လာကြတယ်။ နေရာတိုင်းမှာ အဖျက်သမားဆိုတာရှိစမြဲဆိုသလိုပဲ နက်ဟာ Synternisမှာ နီခရိုမက်ဆာဆိုတဲ့ လိုင်းသုံးသူတွေကိုလိုက်သတ်နေတဲ့သူတွေကို ရှာဖွေသုတ်သင်ရတဲ့သူပါ။ သူချစ်တဲ့အမျိုးသမီးဟယ်လင်နာကလည်း နီရိုမက်ဆာတွေ သုတ်သင်ခဲ့တာခံခဲ့ရသူလည်းဖြစ်ပါတယ်။ တနေ့မှာတော့ နီရိုမက်ဆာတွေနောက်ကိုလိုက်ရင်း မမျှော်လင့်ပဲ နီရိုမက်ဆာတွေရဲ့ခေါင်းဆောင် ကမ်မီနဲ့ တွေ့ပြီး Synternis ဟာသူ့ကိုအကြာကြီးကြိုးကိုင်ခြယ်လှယ်ပြီး လိမ်ညာထားတာကိုသိခဲ့ရပါတယ်။ ကမ်မီရဲ့အကြံကလူတွေကို ကမ္ဘာတုမှာပဲမနေစေချင်ပဲ ပုံမှန်ရှင်သန်သွားစေချင်တာပါ။ ဒါကြောင့် လိုင်းတွေကိုဖျက်ဆီးဖို့ကြံပါတော့တယ်။ နက်ကိုလည်း ပူးပေါင်းဖို့တောင်းဆိုခဲ့ပြီး နက်ကလည်း သဘောတူညီခဲ့ပါတယ်။ သူတို့အောင်မြင်ပါ့မလားဆိုတာကိုတော့…