Movie Name
Telaga Suriram (2025)
Year
2025
Generes
Crime, Horror, Thriller
Code
OT0246
Type
Movie
Size
1.28 GB
Country
Others
Description
၁၉၈၅ ခုနှစ်က ချန်ဒါနာရွာဟာ သာယာလှပပြီးအေးချမ်းတဲ့ ကျေးလက်ရွာငယ်လေးတစ်ခုဖြစ်ပါတယ်။ တစ်ညမှာတော့ အသက် ၁၀ နှစ်အရွယ် ဆူရီရမ်ဆိုတဲ့မိန်းကလေးငယ်တစ်ယောက် ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပြီးအေးချမ်းတဲ့ရွာလေးမှာဂြိုလ်ဆိုးဝင်ဖို့ဖြစ်ရပ်တွေစတင်လာပါတော့တယ်။ ဆူရီရမ်နောက်ဆုံးအတူရှိနေခဲ့တာ သူ့ကိုအမြဲထိန်းကျောင်းခဲ့တဲ့ မိုင်မွန်ဆိုတဲ့စကားမပြောတတ်သူမိန်းကလေးတစ်ယောက်ဖြစ်ပြီး မိုင်မွန်ရဲ့အမေကတော့ တစ်ရွာလုံးက စုန်းမကြီးအဖြစ်သတ်မှတ်ထားကြတဲ့သူပါ။ အဲ့ဒါကြောင့် ရှေးရိုးစွဲရွာသားတွေအနေနဲ့ မိုင်မွန်ဟာ ဆူရီရမ်ကိုသတ်ပြီး သူ့အမေမွေးထားတဲ့မကောင်းဆိုးဝါးတွေကိုအစာကျွေးခဲ့တယ်လို့ စွပ်စွဲကြပါတယ်။ မကြာခင်မှာပဲ ဆူရီရမ်ပျောက်ဆုံးသွားတဲ့ ရေတွင်းထဲက သူ့အလောင်းကိုရှာတွေ့ချိန်မှာတော့ မိုင်မွန့်အပေါ်စွပ်စွဲချက်တွေပိုပြီးခိုင်မာလာခဲ့ပါတော့တယ်။ အဲ့ဒါတွေနဲ့အတူ ဆူရီရမ့်ဝိဉာဉ်ကိုဟို တစ်စီ ဒီတစ်စီ တွေ့မြင်တဲ့လူတွေရှိလာပြီး တစ်ရွာလုံးကျီးလန့်စာစားနေရချိန်မှာ မြို့ပေါ်က ဒီအမှုကိုထောက်လှမ်းဖို့စိတ်ပိုင်းဖြတ်ထားတဲ့ အင်စပက်တာ ကာမီလာရောက်ရှိလာခဲ့ပါတယ်။ တစ်ဖြည်းဖြည်းနဲ့သူ့ရဲ့စုံစမ်းမှုတွေ ခရီးပေါက်လာလေလေ ဆူရီရမ်ရဲ့ဝိဉာဉ်က ပိုသောင်းကျန်းလာလေလေပါပဲ။စုံထောက်၊ဒရာမာ၊ဟော်ရာ ရသစုံပါဝင်တဲ့ မလေးဇာတ်ကားသစ်ဖြစ်ပါတယ်။