Movie Name
The Long Walk (2025)
Year
2025
Generes
Horror, Thriller
Code
EN4621
Type
Movie
Size
2.24 GB
Country
Hollywood
Description
ဒီကားက စာ‌ရေးဆရာ Stepen kingရဲ့ ၁၉၇၉ခုနှစ်ထုတ် နာမည်တူစာအုပ်အပေါ်အခြေခံတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ ခေတ်ပျက် (Dystopia)ဇာတ်လမ်းဖြစ်ပြီး ရိုက်ကူးသူကလည်း Hunger Gameတို့လို ဇာတ်လမ်းတွေဖန်တီးခဲ့တဲ့ ဒါရိုက်တာ Francis Lawrence ပါ။ အချိန်က ၁၉၇၀ပြည့်နှစ်။ ပြည်တွင်းစစ်ကြောင့် ပျက်စီးခဲ့ရတဲ့နိုင်ငံကို စစ်တပ်က အုပ်ချုပ်နေပြီး နှစ်စဉ် တာဝေးလမ်းလျှောက်ပြိုင်ပွဲ (The Long Walk)ကို ကျင်းပနေပါတယ်။ ပြိုင်ပွဲရဲ့ရည်ရွယ်ချက်က နိုင်ငံတော်ပြန်လည်တည်ဆောက်ရာမှာ လူအများကို အားတက်စေဖို့နဲ့ အလုပ်ဆိုတာရဲ့ဂုဏ်ကို အများမြင်လာစေဖို့ပါ။ အဲဒီပြိုင်ပွဲမှာ အဆုံးသတ်ပန်းတိုင်ဆိုတာမရှိပဲ နောက်ဆုံးကျန်သူသာ အနိုင်ရမှာပါ။ ပြိုင်ပွဲစည်းမျဉ်းက ရိုးရှင်းပါတယ်။ ပြိုင်ပွဲဝင်တွေဟာ တစ်နာရီကို ၃မိုင်နှုန်းလမ်းလျှောက်ရမှာဖြစ်ပြီး ရပ်နားခွင့်မရှိပါဘူး။ သတ်မှတ်အရှိန်နှုန်းအောက် ကျသွားမယ်ဆို ၃ကြိမ်တိတိသတိပေးမှာဖြစ်ပြီး သတိပေးချက်အဆုံးမှာ ပြိုင်ပွဲက ထုတ်ပယ်ခံရမှာဖြစ်တယ်။ နောက်ဆုံးကျန်သူက များပြားတဲ့ငွေကြေးနဲ့အတူ ဆန္ဒတစ်ခုပြည့်ဝခွင့်ရမှာ ဖြစ်တယ်။ ဒီလိုနဲ့ ရေး (Cooper Hoffman) နဲ့ မက်ခ်ဗရီး (David Jonsson)အပါအဝင် ပြည်နယ်တစ်ခုစီကို ကိုယ်စားပြုတဲ့ လူငယ်အယောက်၅၀တို့ ပန်းတိုင်မရှိတဲ့ ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ဖြစ်လာပါတော့တယ်။