Movie Name
War Dogs (2016)
Year
2016
Generes
Biography, Comedy, Crime
Code
00956
Type
Movie
Size
908 MB
Country
Hollywood
Description
ဒီကားဟာ ထူးခြားတဲ့ ပေါင်းစပ်မှုကားလေးပါ။ ဟိုးအရင်တုန်းက နာမည်ကြီးခဲ့တဲ့ Hot Shot ကားလို စစ်ကားဟာသလိုင်းလေး ဖြစ် ပါတယ်။ ဟောလိဝုဒ်မှာ Genre ကို တစ်မျိုးတစ်စားတည်း မလုပ်ကြတော့ဘဲ Multi တွေ လုပ်လာကြတယ်။ ဘယ်လိုလဲဆိုတော့ ဟာသဆိုရင် လည်း ဟာသတစ်ခုတည်း မဟုတ်ဘဲ အချစ်လေးပါထည့်ပြီး comedy romance လေးတွေ လုပ်ကြတယ်။ ဥပမာ ကိုရီးယားနိုင်ငံရဲ့ အချစ်ဟာသ ဇာတ်လမ်းတွဲလေးတွေလိုပေ့ါ။ ဟာသသရဲကား၊ ဟာသအက်ရှင်ကား စသဖြင့် အစုံပေါင်းစပ်ပြီး ပရိသတ်စိတ်ဝင်စားလာအောင် လုပ်ကြတယ်။ ဒီတစ်ပတ်မှာတော့ ပေ့ါပေါ့ပါးပါးအနေနဲ့ ဟာသအက်ရှင်၊စစ်ကားလေးကို ဖော်ပြလိုက်ရပါတယ်။War Dogs … မြန်မာလိုဘာသာပြန်ရင် လက်နက်ရောင်းဝယ်သူလို့ အမည်ရပါတယ်။ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတဲ့ Documentary အမျိုးအစားဖြစ်ပြီး ထူးခြားတာက ပျင်းစရာမကောင်းတာပါပဲ။ တစ်ခြားသော ဇာတ်ကားအမျိုးအစားတွေနဲ့ မတူပဲ တစ်ကားလုံး စိတ်ဝင်စားဖို့ကောင်းပြီး အဆုံးထိဆွဲဆောင်နိုင်တဲ့ ကားတစ်ကားပါ။ ဇာတ်လမ်းကြောရိုးကတော့ မိုင်ယာမီမှာ သမရိုးကျ အနှပ်သည်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ လူငယ်လေးတစ်ယောက်ဟာ မွေးရပ်မြေကို ပြန်လည်ရောက်ရှိလာတဲ့ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ပေါင်းမိပြီး အန္တရာယ်များတဲ့ လက်နက်ရောင်းဝယ်ရေးလုပ်ငန်းကို ခြေချမိရာကနေပြီး သူမမျှော်မှန်းထားတဲ့ အခြေအနေကို ရောက်ရှိသွားတာကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်ဆောင်အားလုံးကလည်း လူငယ်တွေပေမယ့် အရမ်းပီပြင်ပြီး ဆုံးခန်းတိုင်အောင် စွဲဆောင်နိုင်တဲ့ ကားတစ်ကားပါ။ဂျိုးနာ့ဟီလ် ဒီကားမှာ ဟာသသရုပ်ဆောင်ဖြစ်တဲ့ ဂျိုးနာ့ဟီလ်အပြင် ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဟာသကား Hangover ထဲက မင်းသားချော ဘရက်ဒလေကူးပါးလည်း ပါဝင်ထားတယ်။ ဒါပေမဲ့ အဓိက သရုပ်ဆောင်ကတော့ ဟာသ သရုပ်ဆောင်ဖြစ်တဲ့ ဂျိုးနာ့ဟီလ်ပဲ ဖြစ်ပါတယ်။ ဂျိုးနာ့ဆိုတာ တခြားသူ မဟုတ်ပါဘူး။ မင်းသားချော ချန်နင်တက်တွန်နဲ့ တွဲပြီး စုံထောက်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားပဲ ဖြစ်ပါတယ်။ ဂျိုးနာ့ဟာ ဟာသသရုပ်ဆောင်ဆိုပေမယ့် ထူးချွန်တဲ့ သရုပ်ဆောင်ပါ။ ၂၀၁၃ခုနှစ်က The Wolf of Wall Street ကားနဲ့ အကောင်းဆုံးဇာတ်ပို့ မင်းသား အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့သူ ဖြစ်ပါတယ်။ ဖော်ဘီမဂ္ဂဇင်းကြီးက ဖော်ပြခဲ့တဲ့ ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံးသရုပ်ဆောင်တွေထဲ မှာ အဆင့် ၂၈ချိတ်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ လီယိုနာဒိုဆီက အကြံရခဲ့ခြင်း ဂျိုးနာ့နဲ့လီယိုနာဒိုတို့ဟာ The Wolf of Wall Street မှာ အတူတွဲပြီး သရုပ်ဆောင်ဖူးခဲ့ကြတယ်။ အဲဒီတုန်းက လီယိုက ဂျိုးနာ့ကို သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး အကြံပေးခဲ့ဖူးတယ်။ ကိုယ်သရုပ်ဆောင်မယ့်ဇာတ်ရုပ်နဲ့ ပတ်သက်ပြီး ဇာတ်ကောင်အလိုက် အပြင်မှာ တူတဲ့ ဇာတ်ကောင်စရိုက်လူတွေကို ရှာပြီး လေ့လာပါ။ ဒါမှမဟုတ် အပြင်လောကမှာ လူတွေနဲ့ တွေ့ပါ။ အကဲခတ်ပါ။ လိုတာကို ယူပါ။ မလိုတာကို ထားခဲ့ပါဆိုပြီး သင်ပေးခဲ့ဖူးတယ်။ ကိုယ့်ဟာကိုယ် တည်းဖြတ်ပြီး သင်ယူပါလို့ ညွှန်ကြားပေးခဲ့ဖူးကြောင်း ဂျိုးနာ့က ပြောကြားခဲ့တယ်။မိုင်လ်စ်တယ်လာ ဒီမင်းသားဟာလည်း ခေတဲ့သူ မဟုတ်ပါဘူး။ ဝင်ငွေအရရော ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီး အနုပညာအရလည်း အောင်မြင်ခဲ့တဲ့ Whiplash ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ လူငယ်မင်းသားတစ်လက် ဖြစ်ပါတယ်။ Whiplash ကားဟာ (၈၇)ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာ အကယ်ဒမီဆု ငါးဆု ဆွတ်ခူးရရှိခဲ့တဲ့ကားဖြစ်ပါတယ်။ တယ်လာရဲ့ အနုပညာဟာ အသက်ငယ်သလောက် ပြောင်မြောက် လှသလို သူ့ရဲ့ဘဝဟာလည်း ထူးခြားလှပါတယ်။ ၂၀၀၇ခုနှစ်မှာ သေလုမျှောပါး ကားအက်စီးဒန့်စ်ဖြစ်ခဲ့ပြီး မျက်နှာနဲ့လည်ပင်းမှာ သေရာပါ အမာရွတ်တွေ ကျန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့အနုပညာကို သူ့မျက်နှာနဲ့လည်ပင်းက အမာရွတ်တွေဟာ အဟန့်အတားမဖြစ်စေခဲ့ပါဘူး။