-
Movie Name
-
Whispers Of Fate (ကြမ္မာဓားသွားထက်က အရှင်ရေနဂါး )(2025)
-
Year
-
2025
-
Generes
-
Drama, Fantasy, Sci-Fi
-
Code
-
SC0960
-
Type
-
Series
-
Size
-
12 GB
-
Country
-
China
-
Description
-
1-40 Complete
တရုတ်နာမည်ကျော်စာရေးဆရာ Teng Ping ရဲ့ဝတ္ထုဖြစ်တဲ့ "Enduring a Thousand Tribulations" ကို မှီငြမ်းရိုက်ကူးထားတဲ့ Whisper of Fate က မထွက်ခင်ကတည်းက C drama ဖန်တွေကြား အတော်ကိုရေပန်းစားနေခဲ့တာပါ။ Ashes of Love, Love is Sweet, Follow Your Heart, Love is Pancea တို့ရဲ့ပဲ့ပိုင်ရှင် Luo Yun Xi (လော်ယွင်ရှီး) က ဒီကားမှာ Tang Li Ci (ထန်လိစစ်) ဆိုတဲ့ Main Role ကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ယွင်ရှီးရဲ့ဖန်တွေရော၊ သိုင်းကားချစ်သူတွေပါ အကြိုက်တွေ့စေမဲ့စီးရီးကောင်းလေးဆိုလဲမမှားတာမို့ မဖြစ်မနေကြည့်သင့်ပါတယ်နော်။
ဇာတ်လမ်းအကျဉ်း >>>
မြေခွေးနတ်ဆိုးလိုဉာဏ်ပညာကြီးမားပြီး မာယာများတယ်လို့နာမည်ကြီးလှတဲ့ ထန်လိစစ်ဟာ တည်ငြိမ်တဲ့သွင်ပြင်နောက်မှာ ရက်စက်တဲ့ပုံစံအမှန်ကိုပိပိရိရိဖုံးကွယ်ထားနိုင်ပါတယ်။ ဒါပေမဲ့ သူဟာ သေစေနိုင်တဲ့သက်ရှိတစ်ပါးဆိုတာကိုတော့ သူ့စိတ်ထဲကနှလုံးသားကလွဲ ဘယ်သူကမှမသိကြပါဘူး။
သူ့ဂိုဏ်းတူအစ်ကိုဖြစ်တဲ့လျိုယန်လုပ်ခဲ့တဲ့ လူအစုအလိုက်အပြုံလိုက်သတ်ဖြတ်မှုအပြီးမှာ ထန်လိစစ်ဟာ လျှို့ဝှက်လွန်းတဲ့ကျန်းဟူလောကထဲကိုရောက်လာရပါတော့တယ်။ အဲအချိန်မှာပဲ ကွေးမုတန့်ဆိုတဲ့နတ်ဆိုးတစ္ဆေကြောင့် သိုင်းလောကဟာ အမြစ်ဖြတ်သတ်သင်မှုကိုထပ်ခံရမဲ့ကံကြမ္မာဖန်လာပါတယ်။ သိုင်းလောကတစ်ခွင် ရုန်းရင်းဆန်ခတ်ဖြစ်နေတော့ ယင်ယန်ဆရာကြီးက ထန်လိစစ်ရဲ့မိုးမြေကောင်းချီရထားတဲ့ကိုယ်ခန္ဓာကိုထိန်းချုပ်ဖို့ကြိုးစားလာရာမှ...
ထန်လိစစ်ကရော တကယ်ပဲစတေးခံဖြစ်သွားလေမလား?
စတေးခံပြီးရင်ရော သူက အရင်ကထက်ပိုသန်မာလာမှာလား??
မွေးရာပါပါလာတဲ့စတေးခံကံကြမ္မာကိုရော ထန်လိစစ်က ကြည်ကြည်သာသာလက်ခံလိုက်မှာလား???
သိုင်းလောကရဲ့အရှုပ်အရှင်းတွေကြားမှာ ကံဇာတ်ဆရာနဲ့ထန်လိစစ်ကြားက အားပြိုင်မှုတွေကိုပါ ရင်တမမဖြစ်ရင်း တစ်ဝကြီးခံစားကြည့်ရှုနိုင်မှာမို့ Whisper of Fate ဆိုတဲ့ဇာတ်ကားလေးကို လက်မလွှတ်တမ်းအားပေးလိုက်ကြပါအုံး။