-
Movie Name
-
Starlit Bloom (2025)
-
Year
-
2025
-
Generes
-
Comedy, Drama, Romance
-
Code
-
SC0961
-
Type
-
Series
-
Size
-
5.67 GB
-
Country
-
China
-
Description
-
1-24 mini Complete
ရိုမန့်ဆန်ဆန် ဇာတ်လမ်းတွဲချိုချိုလေးတွေကို သဘောကျနှစ်သက်ကြတဲ့ ပရိသတ်များအတွက် ဇာတ်လမ်းတွဲလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ကျောက်မျက်ရတနာလောကမှာ အောင်မြင်ကျော်ကြားတဲ့ကုမ္ပဏီပိုင်ရှင်သူဌေးမလေး Gu Liu Suဟာ အလုပ်နဲ့ပတ်သတ်ရင် ထက်မြတ်ပြတ်သားပြီး နေ့စဥ်ဘဝကိုလည်း စည်းစနစ်ကျကျ နေထိုင်တတ်သူတစ်ဦးဖြစ်တယ်။ ဒါပေမဲ့ တစ်ကြိမ်မှာတော့ ရုပ်ရည်ချောမောတဲ့ဒီဇိုင်နာလေး Lu Xing Chenနဲ့ မတော်တဆ တစ်ညတာအတူဖြတ်သန်းမိသွားခဲ့တယ်။
စည်းစနစ်ကျပြီး မာနကြီးတဲ့သူမအတွက် အဲဒီတစ်ညတာဟာ သူမရဲ့ဘဝကို ဗြောင်းဆန်သွားစေခဲ့တယ်။ ပိုပြီးဆိုးတာက Lu Xing Chenဟာ မကြာခင်မှာပဲ သူမရဲ့အနီးကပ် အတွင်းရေးမှူးအဖြစ် ကုမ္ပဏီကို ရောက်လာခဲ့တယ်။ ရေစက်ဆိုးနဲ့စတင်ခဲ့တဲ့သူတိုနှစ်ဦးဟာ တစ်နေရာတည်းမှာ အလုပ်အတူတူလုပ်ဖို ဖြစ်လာတဲ့အခါမှာတော့ ......
ရုပ်ရည်ချောမောတဲ့အတွင်းရေးမှူး Lu Xing Chenဟာ အပြောကြမ်းပြီးနှလုံးသားနူးညံ့တဲ့ Gu Liu Suကို ဘယ်လိုအရည်ပျော်ကျသွားအောင်လုပ်မလဲ၊ မာနကြီးတဲ့Gu Liu Suကရော Lu Xing Chenရဲ့ ထူးခြားတဲ့ဒီဇိုင်းလက်ရာတွေကို အထင်ကြီးလေးစားပြီး နှလုံးသားက ဘယ်လိုမျိုးပြောင်းလဲသွားမလဲဆိုတာကိုတော့ ရိုမန့်ဇာတ်လမ်းတွဲတွေကို သဘောကျနှစ်သက်တဲ့ပရိသတ်ကြီးက SoulKingdomမှာ စောင့်မျှော်ကြည့်ရှုပေးပါဦးနော်