Movie Name
Fight For Love (အချစ်စစ်တလင်း အသက်ရင်း၍) (2025)
Year
2025
Generes
Historical, Romance
Code
SC0963
Type
Series
Size
12.0 GB
Country
China
Description
1-40 Complete ချူယွီဟာ အတိတ်ဘဝတုန်းက နန်းတွင်းလက်ဆက်ပွဲကနေ ထွက်ပြေးပြီး ချစ်ရသူ ကုချူရှန့်နဲ့ လိုက်သွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ နေရပ်နဲ့ဝေးရာမှာ ဆုံးပါးသွားခဲ့ရပါတော့တယ်။ ဒါပေမဲ့ ကံကြမ္မာရဲ့စေစားမှုကြောင့် ပြန်လည်မွေးဖွားခွင့်ရခဲ့ချိန်မှာ‌တော့ အသက် ၁၅ နှစ်အရွယ်မှာ အတိတ်ဘဝကအတိုင်း ရွေးချယ်စရာနဲ့ ထပ်မံရင်ဆိုင်ရပြန်ပါတယ်။ ချူယွီဟာ ဒီတစ်ကြိမ်မှာတော့ ချစ်ရသူကိုရွေးချယ်မဲ့အစား မကြာခင်မှာ ကံဆိုးမိုးမှောင်ကျပြီး စစ်ပွဲအတွင်း ကျဆုံးရတော့မဲ့ ဝေ့မျိုးနွယ်က သခင်လေးနဲ့လက်ဆက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ချူယွီဟာ သက်ရှိသေမင်းတစ်ပါးဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားလာမဲ့ ဝေ့မိသားစုရဲ့သခင်လေးဝေ့ယွင်ရဲ့ဘေးနားမှာနေပြီ မိသားစုရဲ့ဂုဏ်သိက္ခာကိုကာကွယ်ပေးဖို့ ကတိပြုခဲ့ပါတတယ်။ ဒါပေမဲ့ မထင်မှတ်စွာနဲ့ပဲ ဝေ့မိသားစုရဲ့အာဏာအရှိဆုံးသခင်မဟာ ချူယွီဖြစ်လာပါတော့တယ်။ ဒီကားလေးက Rebirth ဆိုပေမဲ့ အရင်လူကိုပြန်ရွေးတဲ့ C drama fan တွေလိုမဟုတ်ဘဲ လူသစ်ကိုရွေးပြီး ချစ်စစ်တလင်းခရီးမှာ ကြုံရမဲ့အသစ်သစ်သောအခက်အခဲတွေကို ရင်ခုန်စွာနဲ့မျှော်လင့်စောင့်စားကြည့်ရမဲ့ ဇာတ်ကားကောင်းလေးပါ။ ဒါ့အပြင် Main Lead နှစ်ယောက်ရဲ့အချိတ်အဆက်မိမှုတွေ၊ သရုပ်ဆောင်ကောင်းမွန်မှုတွေကိုပါ တစ်ဝကြီးခံစားရမှာမို့ C drama fan မှန်ရင် ကြည့်ကိုကြည့်သင့်တဲ့စီးရီးလေးဖြစ်ကြောင်းညွှန်းရင်း...။