-
Movie Name
-
Lover Merman (2025)
-
Year
-
2025
-
Generes
-
Drama
-
Code
-
ST1098
-
Type
-
Series
-
Size
-
3.32 GB
-
Country
-
Thai
-
Description
-
1-8 Complete
"Lover Merman" ဇာတ်လမ်းတွဲဟာ ဘန်ကောက်မြိုကနေ ကျွန်းတစ်ကျွန်းကို ပြောင်းရွှေ့လာပြီး "Full & A Half" လိုအမည်ရတဲ့ ပင်လယ်ကမ်းစပ် ဘားတစ်ခုကို သူငယ်ချင်းဖြစ်သူနဲ့အတူ ဖွင့်လှစ်ခဲ့တဲ့ 'ဖူးရစ်' ဆိုတဲ့ လူငယ်တစ်ဦးအကြောင်းကနေ စတင်ထားပါတယ်။ ထိုဘားမှာ အရည်အချင်းရှိတဲ့ ဘားတင်ဒါတစ်ဦးဖြစ်တဲ့ 'နာဝါ' နဲ့ ဖူးရစ်တို ရင်းနှီးကျွမ်းဝင်ခဲ့ကြပါတယ်။
ဒါပေမဲ့ နာဝါဟာ သာမန်လူတစ်ဦးမဟုတ်ဘဲ ဒီကမ္ဘာပေါ်မှာ နောက်ဆုံးကျန်ရစ်သူတွေထဲက တစ်ဦးဖြစ်တဲ့ ရေသူထီးတစ်ဦး ဖြစ်နေတဲ့အခါမှာတော့ သူတိုရဲ့ ဆက်ဆံရေးဟာ ရှုပ်ထွေးတဲ့ အခြေအနေတွေကို ရောက်ရှိသွားခဲ့ပါတယ်။ ဖူးရစ်တစ်ယောက် နာဝါရဲ့ လျှိဝှက်ချက်ကို သိရှိသွားတဲ့အခါ သူတိုရဲ့ အချစ်ဇာတ်လမ်းက ဘယ်လို ရှေ့ဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် နာဝါကို တစ်ဖက်သတ် ချစ်နေတဲ့ သူ့ရဲ့ ငယ်သူငယ်ချင်း ရေသူထီး 'ပရာပိုင်း' ကလည်း လူနဲ့ ရေသူထီးကြားက အချစ်ဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို ယုံကြည်ထားတာကြောင့် သူတိုရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကလည်း ဒီစီးရီးကို ပိုပြီး စိတ်ဝင်စားစရာ ကောင်းစေမှာ ဖြစ်ပါတယ်။
"Lover Merman" စီးရီးဟာ ထူးခြားတဲ့ ဇာတ်အိမ်၊ စိတ်ကူးယဉ်ဆန်တဲ့ အကြောင်းအရာတွေနဲ့ လှပတဲ့ ရိုက်ကွင်းရိုက်ကွက်တွေကြောင့် ပရိသတ်တွေရဲ့ မျှော်လင့်ချက် မြင့်မားနေတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ရေသူထီးဆိုတဲ့ စိတ်ကူးယဉ်ဇာတ်ကောင်ကို BL ဇာတ်လမ်းတွဲတစ်ခုမှာ မြင်တွေ့ရမှာဖြစ်လို ထိုင်း BL စီးရီးတွေရဲ့ ထုံးစံအတိုင်း ကျောင်းသားဘဝ၊ အလုပ်ခွင် ဇာတ်လမ်းတွေကနေ ကွဲထွက်ပြီး ဆန်းသစ်တဲ့ တင်ဆက်မှုတစ်ခု ဖြစ်လာမယ်လို မျှော်လင့်နေကြပါတယ်။