-
Movie Name
-
Yummy Yummy Yummy (2025)
-
Year
-
2025
-
Generes
-
Drama
-
Code
-
SC0964
-
Type
-
Series
-
Size
-
9.04 GB
-
Country
-
China
-
Description
-
1-32 Complete
အမြဲတမ်း နတ်ကား၊ သိုင်းကားတွေပဲကြည့်နေတဲ့ C drama ဖန်တွေအတွက် ဆန်းပြားထူးဆန်းတဲ့ဇာတ်ကားလေးတစ်ကား ယူဆောင်လာပေးပါတယ်။ ဇာတ်ကားလေးက မြင်နေကျ၊ ကြည့်နေကျပုံစံတွေနဲ့ အတော်လေးကွဲထွက်နေမှာမို့ ပရိတ်သတ်တို့လဲ အကြိုက်တွေ့မှာပါ။
ဒီဇာတ်ကားမှာ When the destiny brings
the demon နဲ့ I am nobody ထဲမှာ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Wang Ying Lu (လုလု) လေးက ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းက အစားအသောက်တွေနဲ့မြို့ပြဓလေ့တွေကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖော်ကျူးထားတာပါ။
ဇာတ်လမ်းအကျဉ်း >>>
ကံကြမ္မာရဲ့စေစားမှုကြောင့် ရှန့်ရှောက်ကွမ်းနဲ့ သူ့မိသားစုဟာ ယုံအန်းမြို့ကို မမျှော်လင့်ဘဲ ရောက်ရှိလာခဲ့ရပြီး ယုံအန်းမြို့မှာ စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ကာ ဘဝကို ရိုးသားစွာရုန်းကန်ရင်း နေထိုင်ဖြတ်သန်းကြပါတယ်။ ရုန်းကန်ရတဲ့နေ့ရက်တွေကြားမှာပဲ ရှောက်ကွမ်းဟာ ကျင်းကျောက်မြို့ရဲ့အရာရှိငယ်လေးဖြစ်တဲ့လင်းယန့်နဲ့ အမှတ်မထင်ဆုံစည်းခဲ့ပါတော့တယ်။ နန်းတွင်းရိုးရာအစားအသောက်ယဉ်ကျေးမှုနဲ့ဓလေ့ထုံးတမ်းတွေကနေတစ်ဆင့် ဖြစ်တည်လာတဲ့ သူတို့နှစ်ဦးရဲ့အချစ်ဇာတ်လမ်းကို "Yummy Yummy Yummy" ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားရမှာပါ။
အရာရှိနဲ့ ရိုးသားတဲ့စားဖိုမှူးမလေးတို့ ဘယ်လို ထူးခြားတဲ့အချစ်ခရီးလမ်းကိုလျှောက်ကြမလဲ။ ဒီခရီးလမ်းမှာ ဘယ်လိုအလှည့်အပြောင်းတွေနဲ့ကြုံရပြီး ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမလဲ စတဲ့ရင်ခုန်စရာလေးတွေကို စားချင်စဖွယ်ဟင်းလျာတွေကြားမှာပါ အချစ်ချိုချိုလေးတွေကိုမြည်းစမ်းရမဲ့ဇာတ်ကားကောင်းတစ်ကားပါ။တွဲဖက်မင်းသားကလဲ နန်းတွင်းကားတွေနဲ့လုံးဝကွက်တိကျအောင်သရုပ်ဆောင်နိုင်တဲ့ Li Yun Rui ဖြစ်တာမို့ လုလုလေးနဲ့လဲ ဘယ်လိုတွေကမ်ဆွီမိနေကြမလဲဆိုတာ စီးမျောခံစားကြည့်ပေးကြပါအုံး။