Movie Name
Para X Normal (2025)
Year
2025
Generes
Comedy, Horror
Code
OT0248
Type
Movie
Size
729 MB
Country
Others
Description
ဒီတစ်ခါတော့ Netflix က မလေးရှား Horror-Comedy ကားသစ်လေး Para X Normal နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ ငယ်သူငယ်ချင်း ၄ ယောက် နှစ်တွေအကြာကြီး ကွဲကွာနေပြီးမှ ပြန်ဆုံကြတဲ့အကြောင်းပါ။ သူတို့ ပြန်ဆုံရတဲ့ ရည်ရွယ်ချက်ကတော့ "အလုပ်ကြီးတစ်လုပ်" အတူတူလုပ်ဖို့ပါ။ အဲ့ဒါကတော့ သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့ လူမနေတဲ့ ဗီလာအိမ်ကြီးတစ်လုံးကို ဝင်ခိုးဖို့ဖြစ်ပါတယ်။ အဲဒီအိမ်မှာ ဝှက်ထားတဲ့ ရွှေတွေ၊ ငွေတွေ ရှိတယ်ဆိုပြီး သတင်းရထားလို့ ဝင်ခိုးကြတာပါ။ ဒါပေမဲ့ တကယ်တမ်း ဝင်ခိုးတဲ့အခါမှာတော့ ကောလာဟလမဟုတ်ဘဲ တကယ်ကြီး သရဲခြောက်နေတဲ့အပြင် သူတို့ရဲ့ ခိုးမယ့်အစီအစဉ်တွေပါ လွဲချော်ကုန်တဲ့အခါမှာတော့ကြောက်စရာအိမ်ကြီးထဲကနေ သူတို့ ဘယ်လိုပြန်ပြေးကြမလဲဆိုတာ ရယ်ရမောရ ကြည့်ရမယ့်ကားပါ။