Movie Name
Indera (2025)
Year
2025
Generes
Horror, Thriller
Code
IND1765
Type
Movie
Size
652 MB
Country
Bollywood
Description
Indera ဟာ မလေး၊အင်ဒို Horror/Thriller ကားတွေထဲမှာ ရှားရှားပါးပါးပုံစံဖြစ်တဲ့ Jump scare တွေ၊ အသံတွေကိုအားမကိုးပဲ The Wailing တို့လိုမျိုး တစ်စိမ့်စိမ့်တွေးကြောက်ရမယ့်ပုံစံမျိုးနဲ့ဇာတ်လမ်းကိုအငြိမ်သွားထားပါတယ်။ အဲ့ဒီအချိန်ကာလတုန်းက နောက်ကွယ်မှာဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းတစ်ခု၊ ဇာတ်ကောင်တွေရဲ့စိတ်ဒဏ်ရာတွေ၊ နိမိတ်ပုံတွေနဲ့ဆက်စပ်တွေးယူပြီးခေါင်းစားချင်တဲ့ ပရိသတ်တွေအကြိုက်တွေ့ကြမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Cannes, Berlin နဲ့ Venice တို့လိုထိပ်သီးရုပ်ရှင်ပွဲတော်သုံးခုလုံးမှာ ရုပ်ရှင်ရွေးချယ်ခံရတဲ့ပထမဆုံးမလေးရှားဒါရိုက်တာလည်းဖြစ် Malaysian New Wave ကိုဦးဆောင်သူတွေထဲက တစ်ဦးလည်းဖြစ်တဲ့ Ming Jin Woo ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂျိုးဟာ စကားမပြောနိုင်ရှာတဲ့ ဆိုဖီယာအမည်ရှိသမီးတစ်ယောက်နဲ့ရပ်တည်နေတဲ့ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ချစ်ဇနီးကို မီးတွင်းထဲမှာဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီကာလမှာဖြစ်ပျက်နေခဲ့တဲ့ နောက်ခံအခြေအနေတွေအရ လုပ်စားရကျပ်တည်းနေသလို ငှားနေတဲ့အိမ်ပေါ်ကလည်းဆင်းပေးလိုက်ရတဲ့နောက်မှာတော့ အိမ်ရှင်အဘိုးကြီးရဲ့လမ်းညွှန်မှုနဲ့ ဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုက အမျိုးသမီးကြီးတစ်ယောက်ရဲ့အိမ်မှာ နေစားငြိမ်းအလုပ်လုပ်ဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအဘွားကြီးဟာ ရွာအစွန်ခြံကျယ်ကြီးတစ်ခုထဲမှာ မွေးစား သားသမီးလေးယောက်နဲ့အတူနေတာဖြစ်ပြီး၊ ရွာသားတွေက သူ့ကိုကြောက်လန့်ပြီး အနားမသီရဲကြပါဘူး။ ပြီးတော့ ကလေးတွေကို နာမည်ခေါ်သံကြားရင် မထူးဖို့၊ နောက်ပြန်လှည့်မကြည့်ဖို့၊ ခြံဝင်းထဲက ရေတွင်းသဏ္ဍာန်တွင်းကြီးနားကိုမသွားဖို့အစရှိတဲ့ထူးခြားတဲ့စည်းကမ်းတွေလည်းထုတ်ထားပါသေးတယ်။ ဂျိုးနဲ့သမီးဖြစ်သူတို့ဟာ အဲ့ဒီခြံကြီးထဲမှာနေရင်း ဆုံးပါးသွားတဲ့ ဇနီး/မိခင်ဖြစ်သူကို ပုံသဏ္ဍာန်အမျိုးမျိုး၊ အခြေအနေမျိုးစုံနဲ့မကြာခဏတွေ့မြင်လာကြရပါတော့တယ်။