-
Movie Name
-
Aan Paavam Pollathathu (2025)
-
Year
-
2025
-
Generes
-
Comedy, Drama, Romance
-
Code
-
IND1767
-
Type
-
Movie
-
Size
-
923 MB
-
Country
-
Bollywood
-
Description
-
ဒီရုပ်ရှင်ဇာတ်လမ်းလေးကတော့ အိမ်ထောင်ရေးကားလေးဖြစ်ပြီး
ဟာသနဲ့ ဒရာမာတွဲ ရိုက်ပြထားတဲ့ကားလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းအစမှာ ရှတ်သီဆိုတဲ့ကောင်မလေးတစ်ယောက်က
ငယ်ငယ်တုန်းကအဖေရဲ့ အချစ်တော်လေးဖြစ်ခဲ့ပေမဲ့ အရွယ်ရောက်လာတာနဲ့အမျှ
အဖေ့ရဲ့ ဟိတ်ဆိုဟိတ် တိတ်ဆိုတိတ် ဆိုတဲ့အဖြစ်ကိုရောက်ရှိလာခဲ့ပါတယ်။
ပြန်အာခံပြန်ရင်လည်း အဖေကအမေ့ကို မဲတတ်တဲ့အတွက် သူ့ခမျာ
အဖေပြောသမျှကိုငြင်းဆန်ရဲဖို သတ္တိလည်းမရှိခဲ့ပါဘူး။ တစ်နေ့ရက်ကျတော့
အိမ်ကပေးစားတဲ့ သတိုသားပုံကြည့်ရင်း သူငယ်ချင်းတွေနဲ့တိုင်ပင်နေခဲ့ပါတယ်။
သတိုသားနာမည်က ရှီဗာဖြစ်ပြီး ရှတ်သီသူငယ်ချင်းတွေကပါအားကျရဲ့ ရုပ်ရှိရေလျှံတဲ့ ကေ
ာင်လေးတစ်ယောက်ဖြစ်နေခဲ့တာပါ။
အဓီကသဘောအကျဆုံးကတော ရှက်သီရဲ့ အဖေပဲဖြစ်ပြီး
အဖေကသမီးထက်ကို ရှီဗာကို သဘောကျနေတာပါ။
သဘောကျဆိုမင်းသားစီးတဲ့ဆိုင်ကယ်ကအစ ပိုင်ဆိုင်မှုတွေက ရှယ်တွေဖြစ်နေခဲ့တာပါ။
ဒီလိုနဲ့ ရှီဗာနဲ့ ရှတ်သီတိုနှစ်ယောက် စေ့စပ်တဲ့နေ့မှာ စကားစမြည်ပြောရင်း
အချစ်တွေပေါက်ဖွားလာခဲ့ပါတယ်။ ဒါပေမဲ့ ရှီဗာတစ်ယောက် လက်ထပ်ပြီးတဲ့နောက်မှာ
အရင်လိုမဟုတ်တော့ပဲ အရာရာကိုစိတ်တိုလွယ်လာပြီး ထိန်းချုပ်မရဖြစ်လာပါတယ်။
ဒါနဲ့ ရှီဗာနဲ့ ရှတ်သီတိုနှစ်ယောက် ရှေ့ဆက်ပြီး သူတိုအိမ်ထောင်ရေးကြားက
ပြဿနာတွေနဲ့ အဆင်မပြေမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး။