Movie Name
What Happened To Monday (2017)
Year
2017
Generes
Action, Adventure
Code
00960
Type
Movie
Size
831 MB
Country
Hollywood
Description
၂၀၁၇ ထွက် IMbD rating 6.9 ရထားတဲ့ Science ficition/Triller ဇာတ်လမ်းကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီကနေသိပ်မဝေးတော့တဲ့ အနာဂတ်မှာ ကမ္ဘာ့လူဦးရေ အဆမတန်များပြာလာပါတယ်။ ရာသီဥတုတွေဖောက်ပြန်လို့ စိုက်ပျိုးရေးလုပ်ငန်းတွေ မဖြစ်ထွန်းတော့တဲ့အတွက် စားနပ်ရိက္ခာတွေလည်း ရှားပါးလှပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေက ရာသီဥတုဒဏ်ခံနိုင်ပြီး အထွက်နှုန်းတိုးစေမယ့် အသီးအနှံများကို မျိုးရိုးဗီဇပြုပြင်ပြောင်းလဲတဲ့နည်းနဲ့ ထုတ်လုပ်ခဲ့တယ်။ ဒီအတွက် စားနပ်ရိက္ခာ ပြဿနာတွေလည်း ပြေလည်သွားခဲ့ပါတယ်။ ဒါပေမယ့် အထွက်နှုန်းတိုးစေတဲ့ အသီးအနှံများကြောင့် လူတွေမှာလည်း မျိုးရိုးပြောင်းလဲပြီး ၅မွှာ ၆ မွှာ စသဖြင့် ကလေးအမွှာတွေ မွေးဖွားနှုန်း အရမ်းမြင့်တက်လှပါတယ်။ လူဦးရေးတိုးပွားလာချိန်မှာ ဒီလို အမွှာတွေမွေးလာတဲ့အတွက် ကျွေးမွေးဖို့ကလည်း ပြဿနာပြန်ဖြစ်လာပါတယ်။ ဒါကြောင့် တစ်အိမ်ထောင် ကလေးတစ်ယောက်ဆိုတဲ့ ပေါ်လစီကို ကျင့်သုံးပြီး ကျန်တဲ့ကလေးမွေးချင်းမောင်နှမတွေကို Cryosleep လို့ခေါ်တဲ့ အေးခဲအိပ်စက်စေခြင်းနည်းဖြင့် အေးခဲပြီး သိုလှောင်ထားပါတယ်။ ဒါကိုထိန်းချုပ်ဖို့အတွက် ကလေးခွဲဝေစီမံခန့်ခွဲရေး ဗြူရိုဆိုပြီးတစ်ခုတည်ထောင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ တစ်ပုံစံတည်းတူတဲ့ မိန်းကလေးအမွှာ ၇ ယောက်မွေးဖွားခဲ့လာတယ်။ သူတို့အမေလည်း သေဆုံးသွားတဲ့အတွက် အဘိုးဖြစ်သူက ဒီ ကလေး၇ယောက်ကို တိုက်ခန်းတစ်ခုမှာ တိတ်တိတ်လေး ခိုးမွေးထားခဲ့ပါတယ်။ ၇ယောက်ဖြစ်တဲ့အတွက် တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ နဲ့ တနင်္ဂနွေလို့ နာမည်ပေးထားခဲ့တယ်။ သူတို့ ၇ ယောက်က သူတို့နာမည်နဲ့တူတဲ့ နေ့ရက်တွေရောက်ရင် အလှည့်ကျ တစ်ယောက်တစ်ရက်စီ အပြင်ထွက်ခွင့်ရခဲ့တယ်။ ဒီအမွှာ ၇ ယောက်ဘယ်လို ရှင်သန်ကြီးထွားခဲ့သလဲ သူတို့ တည်ရှိနေမှုကို ဗြူရိုက သိရှိသွားရင် ဘယ်လို ခရီးဆက်ကြမှာလဲ သူတို့ရဲ့ အချစ်ရေးကိစ္စတွေက ဘယ်လိုဖြစ်မှာလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါ။တကယ်ကိုကောင်းတဲ့ သိပ္ပံအက်ရှင်ကားကောင်းလေးတစ်ခုပါ။