Movie Name
Bad Man (2025)
Year
2025
Generes
Action, Comedy, Crime, Thriller
Code
EN4636
Type
Movie
Size
854 MB
Country
Hollywood
Description
ဒီတစ်ခေါက်မှာတော့ စိတ်ဝင်စားစရာကောင်းပြီး ရယ်လည်းရယ်ရမဲ့ Crime/comedy အမျိုးအစား ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်ကားထဲက Colt Lake ဆိုတဲ့မြို့လေးဟာ အေးချမ်းသာယာပြီး လူသိနည်းတဲ့ မြို့လေးတစ်မြို့ပါ။ အဓိကဇာတ်ကောင် ဆမ်နဲ့ သူ့သူငယ်ချင်း ဒီဂျေတို့ကတော့ Colt Lake မြို့က ရဲအရာရှိတွေပေါ့။ ဒီလို‌နဲ့ တစ်နေ့ကျ ဘာမှုခင်းကြီးကြီးမားမားမှမဖြစ်ခဲ့တဲ့ သူတို့မြို့‌လေးမှာ လူသတ်မှုတစ်ခုဖြစ်သွားခဲ့ပါတယ်။ ဖြစ်သွားတဲ့ လူသတ်မှုကလည်း Colt Lake မြို့ရဲ့ မိန်းလမ်းမကြီးပေါ်မှာ ကားနဲ့ ၃ခါပြန် တိုက်သတ်သွားတာမျိုးပါ။ ဒီအမှုကို ဆမ်နဲ့ ဒီဂျေတို့စုံစမ်းနေတုန်း ပြည်နယ်အထူးရဲတပ်ဖွဲ့ကနေ ဘော်ဘီကိန်းဆိုတဲ့ ရဲကြပ်တစ်ယောက်ရောက်လာခဲ့ပြီး အခုသူတို့ဆီမှာဖြစ်နေတဲ့ လူသတ်မှုဟာ မူးယစ်ဆေးဝါး အရောင်းအဝယ် ဂိုဏ်းတွေနဲ့ ပတ်သတ်နေလို့ သူကိုယ်တိုင်တာဝန်ယူမယ်ဆိုပြီးပြောလာခဲ့ပါတယ်။ နဂိုတုန်းက အမှုကိုတာဝန်ယူထားရတဲ့ ဆမ်ကလည်း သူ့အမှုဖြစ်တာကြောင့် သူပါ ဘော်ဘီနဲ့အတူ စုံစမ်းဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ စိတ်မြန်လက်မြန် ရဲကြပ်ဘော်ဘီရယ်၊ ဘော်ဘီကိုကြည့်မရတဲ့ဆမ်ရယ် ဆမ်ရဲ့သူငယ်ချင်း ဒီဂျေရယ် သုံးယောက်သား ဒီလူသတ်မှုကို ဘယ်လိုစုံစမ်းဖော်ထုတ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။