-
Movie Name
-
Dear X(2025)
-
Year
-
2025
-
Generes
-
Crime, Drama
-
Code
-
SKR1125
-
Type
-
Series
-
Size
-
4.45 GB
-
Country
-
Korea
-
Description
-
1-12 Complete
ဘဲ့အာဂျင်း (Kim You-Jung) ကတော့ မျက်နှာလှလှလေးရဲ့ နောက်ကွယ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ ပင်ကိုစရိုက်ကို ဖုံးကွယ်ထားတဲ့ တောင်ကိုးရီးယားရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ပါ ..
ငယ်စဉ်က အိမ်တွင်းအကြမ်းဖက်မှုကို ခံစားခဲ့ရတဲ့ အာဂျင်းရဲ့ ဘေးနားမှာ ရှိနေပေးတဲ့သူ နှစ်ဦးကတော့
အာဂျင်းအတွက်ဆိုရင် ဘယ်လိုရွှံ့နွံထဲပဲဖြစ်ဖြစ် ခြေချလျှောက်လှမ်းပေးရဲတဲ့ အာဂျင်းရဲ့ တစ်ခုတည်းသော ခိုနားရာလေး ယွန်းဂျွန်ဆော (Kim Young-Dae) နဲ့
အာဂျင်းဆီကနေ ရှင်သန်ရခြင်းအဓိပ္ပာယ်ကို ပြန်လည်ရှာတွေ့ပြီးတော့ အာဂျင်းအနားမှာ အရိပ်သဖွယ်ရှိနေပေးတဲ့ ဂင်ဂျယ်အို (Kim Do-Hoon) တို့ဖြစ်ပါတယ်။
သူများရဲ့စိတ်ကို ခြယ်လှယ်ကြိုးကိုင်ရာမှာ ကျွမ်းကျင်ပေမဲ့ တကယ်တမ်း ကိုယ့်ရဲ့စိတ်ကိုကျ လျစ်လျူထားခဲ့တဲ့ အာဂျင်းတစ်ယောက်
ဘဝရဲ့ အမြင့်ဆုံးနေရာကို ရောက်ရှိချိန်မှာမှ စွပ်ထားတဲ့ အယောင်ဆောင်မျက်နှာဖုံးက ကွာကျပြီး ဘဝတစ်ခုလုံး ပြိုလဲစပြုလာတဲ့အခါမှာတော့...
ငရဲကနေ ရုန်းထွက်ပြီး အမြင့်ဆုံးနေရာကို တက်လှမ်းဖို့အတွက် မျက်နှာဖုံးစွပ်ထားတဲ့ ဘဲ့အာဂျင်းနဲ့
အာဂျင်းဆီမှာ ရက်ရက်စက်စက် နင်းခြေခံခဲ့ရတဲ့ များစွာသော X တွေရဲ့ ဇာတ်လမ်းလေးကိုတော့ အပတ်စဉ် ကြာသပတေးနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။
(အသက်မပြည့်သေးသူ ကလေးသူငယ်များနှင့် နှလုံးမကောင်းသူများ ကြည့်ရှုရန် မသင့်တော်ပါ။)