Movie Name
Heroes Next Door (2025)
Year
2025
Generes
Action, Comedy, Drama
Code
SKR1126
Type
Series
Size
3.89 GB
Country
Korea
Description
1-10 Complete ဒီနေ့မှ အသစ်စက်စက်ထွက်ရှိလာတဲ့ action, mystery, comedy ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးပါရစေ။ အဓိက ဇာတ်ဆောင်တွေ အနေနဲ့ Yoon Kye Sang, Jin Seon Kyu, Kim Ji Hyun, Ko Kyu Pil နဲ့ Lee Jung Ha စတဲ့ ဝါရင့်မင်းသား မင်းသမီးကောင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ တခြားဇာတ်လမ်းတွဲတွေလို တိုင်းပြည်ကို ကာကွယ်ပေးကြမဲ့ အထူးတပ်ဖွဲ့ဝင်တွေအကြောင်း ရိုက်ကူးထားတာမဟုတ်ဘဲ ကိုယ်နေထိုင်တဲ့ရပ်ကွက်လေးကို ကာကွယ်ပေးသွားကြမဲ့ အထူးတပ်ဖွဲ့ဝင်ဟောင်းတွေ, စာရေးကိရိယာဆိုင်ပိုင်ရှင်, စူပါမားကတ်ပိုင်ရှင်, ကိုယ်ခံပညာလေ့ကျင့်သင်ကြားရေးကျောင်းအုပ်နဲ့ ဆိုးလ်တက္ကသိုလ်က အင်ဂျင်နီယာကျောင်းသားလေးတို့ရဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီလို လူစွမ်းကောင်းတွေ စုဝေးနေထိုင်တဲ့ ရပ်ကွက်မှာ ဘယ်လို မသမာမှုတွေနဲ့ကြုံရမှာလဲ.... ဒီလူစွမ်းကောင်းတွေကရော သူတို့ရဲ့ ရပ်ကွက်လေးကို ဘယ်လိုနည်းဗျူဟာတွေနဲ့ ဘယ်လိုအစွမ်းကုန်ကာကွယ်သွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ဟာသလေးနှောပြီး အပတ်စဥ် တနင်္လာနေ့ နဲ့ အင်္ဂါနေ့တွေမှာ ရှုစားနိုင်မှာပဲဖြစ်ပါတယ်။