Movie Name
Last Summer (2025)
Year
2025
Generes
Comedy, Drama
Code
SKR1127
Type
Series
Size
4.52 GB
Country
Korea
Description
1-12 Complete ဘဲ့ဒိုဟာ (Lee Jae-Wook) နဲ့ ဘဲ့ဒိုယောင်း (Lee Jae-Wook) တို့ဟာ အမြွှာညီအစ်ကိုတွေ ဖြစ်ကြပြီး မိဘတွေ ကွာရှင်းပြီးတဲ့နောက် အစ်ကို ဘဲ့ဒိုယောင်းက ကိုးရီးယားမှာ ကျန်နေခဲ့ပြီး ညီဖြစ်သူ ဘဲ့ဒိုဟာကတော့ အမေရိကားကို ထွက်သွားခဲ့ပါတယ်... ဒိုဟာက နှစ်စဉ် နွေရာသီရောက်တိုင်း ကိုးရီးယားကို ပြန်လာပြီး နှစ်လုံးတွဲအိမ်လေးမှာ ၂၁ ရက်ကြာ အဖေ ၊ အစ်ကိုဒိုယောင်းတို့နဲ့အတူ နေလေ့ရှိပါတယ်... သူတို့ရဲ့ ဘေးချင်းကပ်လျက်အိမ်လေးမှာ နေတာကတော့ အဖေ့မိတ်ဆွေရဲ့ သမီးဖြစ်သူ ဆုန်းဟာဂယောင်း (Choi Sung-Eun) ပါ... အစကတော့ တကျက်ကျက်ရန်ဖြစ်ခဲ့ကြပေမဲ့ နှစ်စဉ်နွေရာသီတိုင်း ၂၁ ရက်တာကို အတူကုန်ဆုံးရင်း သံယောဇဉ်တွယ်လာကြတဲ့ ဒိုဟာနဲ့ ဟာဂယောင်း... သူတို့နှစ်ဦးရဲ့ ၂၇ နှစ်မြောက် နွေရာသီကို ရောက်လာတဲ့အခါမှာတော့ ပြန်လည်ပြင်ဆင်မရနိုင်တဲ့ ဖြစ်ရပ်တစ်ခုကြောင့် သူတို့ရဲ့ ဆက်ဆံရေးလည်း ဝေးကွာသွားခဲ့ရပါတယ်... ဒီလိုနဲ့ ၂ နှစ်ကြာတဲ့အခါ နာကျင်စရာ အမှတ်တရတွေ ရှိနေတဲ့ ဒီနှစ်လုံးတွဲအိမ်လေးကို ရောင်းချပြီး အတိတ်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ဟာဂယောင်းနဲ့ အိမ်လေးကို မရောင်းစေချင်တဲ့ ဒိုဟာတို့နှစ်ဦး နှစ်လုံးတွဲအိမ်ကို ပိုင်ဆိုင်ခွင့်နဲ့ပတ်သက်ပြီး တရားရင်ဆိုင်ဖြစ်ကြတဲ့အခါမှာတော့... ဒိုဟာနဲ့ ဟာဂယောင်းတို့ရဲ့ နှစ်လုံးတွဲအိမ်လေးမှာ ကုန်ဆုံးတဲ့ နောက်ဆုံး နွေဥတုလေးက ဇာတ်သိမ်း လှပနိုင်ပါ့မလားဆိုတာကိုတော့ အပတ်စဉ် စနေ ၊ တနင်္ဂနွေနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ရှင်...