-
Movie Name
-
The Wicked Game(2025)
-
Year
-
2025
-
Generes
-
Action, Drama
-
Code
-
ST1104
-
Type
-
Series
-
Size
-
3.34 GB
-
Country
-
Thai
-
Description
-
1-10 Complete
Century of Love ဇာတ်ကားနဲ့ "DaouOffroad" ရယ်လို့ ရေပန်းစားလာတဲ့ BL အတွဲလေးရဲ့ စီးရီးအသစ်လေးထွက်ရှိလို့လာခဲ့ပါပြီ။
ဒီစီးရီးမှာရော Daou နဲ့ Offroad တို့က ဘယ်လိုအတွဲညီညီနဲ့ တင်ဆက်ပေးဦးမလဲဆိုတာကို စောင့်ကြည့်ပေးကြပါဦး။
ဖင်းဟာ ငယ်ငယ်လေးကတည်းက မိခင်နဲ့အတူ မိသားစုရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ မိသားစုရဲ့ အငယ်ဆုံးအမွေခံသားလေးဖြစ်ပါတယ်။
စွန့်ပစ်ခံရပြီး ကြီးပြင်းလာခဲ့တဲ့အတွက် သူ့ရင်ထဲမှာ နာကျင်မှုတွေရယ် လက်စားချေလိုစိတ်တွေရယ်ဟာ ပြည့်နှက်လို့နေခဲ့ပါတော့တယ်။
အရွယ်ရောက်လာတဲ့နောက် ဖင်းဟာ သူတို့သားအမိကို စွန့်ပစ်ခဲ့တဲ့ ဖခင်ဖြစ်သူ သနာဝေ့ရဲ့ မကောင်းမှုတွေကို ဖော်ထုတ်ပြီး
သူရသင့်တာတွေ အကုန်ပြန်အရယူဖို့အတွက် ဂိမ်းတစ်ခုကို ဆင်နွှဲဖို့အတွက် ဆေးရုံကို ပြန်လာခဲ့ပါတော့တယ်။
ဒါပေမဲ့လည်း ဖင်းရဲ့ အစီအစဉ်တွေဟာ လွယ်ကူချောမွေ့မှုမရှိဘဲ သူ့ကို တိုက်ခိုက်ချင်သူ နောက်ကျောဓားနဲ့ထိုးချင်သူတွေ ပေါလို့နေခဲ့ပါတယ်။
ဒီလို အန္တရာယ်တွေကြားမှာ ဖင်းတစ်ယောက်တည်း မဖြစ်တော့တဲ့အတွက် သက်တော်စောင့်ငှားရာကနေ ထန်တစ်ယောက် ဖင်းဘဝထဲကိုဝင်ရောက်လို့လာခဲ့ပါတော့တယ်။
ထန်ကတော့ ရိုးသားပွင့်လင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။
သက်တော်စောင့်ထန့်လက်အောက်မှာ ဖင်းနဲ့ ထန်ဟာ အလုပ်ရှင်နဲ့ ဝန်ထမ်းဆက်ဆံရေးကနေ
တဖြည်းဖြည်း ပြောင်းလဲလာကာ နှောင်ကြိုးတွေ တွယ်ငြိလာတဲ့အချိန်မှာတော့ .........
ပျက်စီးလွယ်တဲ့ ချစ်ခြင်းမေတ္တာဟာ ဖင်း လက်စားချေမဲ့ စီမံကိန်းကြီးကို အနှောင့်အယှက်ဖြစ်လာစေနိုင်မှာလား .....
ဖင်းရဲ့အမှောင်လောကထဲကို ဖြူစင်တဲ့ သက်တော်စောင့်ထန် ဝင်လာပြီးနောက်
မျှော်လင့်မထားတဲ့ သံယောဇဉ်တွေ ချည်နှောင်မိရာကနေ ဘယ်လိုအကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်မလဲဆိုတာကို
ဒီစီးရီးလေးမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။