-
Movie Name
-
My Magic Prophecy(2025)
-
Year
-
2025
-
Generes
-
Drama
-
Code
-
ST1109
-
Type
-
Series
-
Size
-
5.24 GB
-
Country
-
Thai
-
Description
-
1-10 Complete
SeaJimmy တို့အတွဲလေးရဲ့ ဇာတ်ကားအသစ်လေးဖြစ်တဲ့ "တားရော့ကပြောသောကံတရား" လာပါပြီ
ဒီကားလေးမှာတော့ "ဒေါက်တာထပ့်"ဟာ Tarot တွေ ဗေဒင်တွေကို လုံးဝအယုံအကြည်မရှိတဲ့ဂျစ်ကန်ကန် ကောင်လေး တစ်ယောက်ဖြစ်ပါတယ်။
တစ်နေ့မှာတော့ နာမည်ကြီး Tarot ဆရာတစ်ယောက်ဖြစ်တဲ့ " တားရော့ဆရာအင် " ဟာ
သူငယ်ချင်းဖြစ်သူရဲ့အစ်ကိုဖြစ်တဲ့ ဒေါက်တာထပ့် နဲ့တွေ့ဆုံခဲ့ပြီး မကြာခင်သေရတော့မည်ဖြစ်ကြောင်း ဟောကြားခဲ့ပေမဲ့
ဗေဒင်တွေကို အယုံအကြည်မရှိတဲ့သူဖြစ်တာမို့ အမှုမဲ့အမှတ်မဲ့နေလာခဲ့ရင်း ကြီးမားတဲ့ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ကြုံတွေ့လာရပြီး
တိုက်တိုက်ဆိုင်ဆိုင်ပဲ အသက်ဘေးအန္တရာယ်နဲ့ ခဏခဏကြုံတွေ့လာရပါတော့တယ်။
ဒီကံဆိုးမှုတွေဟာ ကံကြမ္မာရဲ့အလှည့်အပြောင်းတွေကြောင့်လား ဟောကြားချက်ရဲ့တိုက်ဆိုင်မှုကြောင့်လားဆိုတာကို ဝေခွဲလို့မရနိုင်အောင်ဖြစ်ခဲ့ရပါတယ်။
ဒီတော့ ဒေါက်တာထပ့်ရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့အတွက် ညီမဖြစ်သူရဲ့တောင်းဆိုချက်အရ
ဒေါက်တာထပ့်ဟာ တားရော့ဆရာလေးအင် နဲ့အတူ "မယ့်ဟွန်င်ဆွန်" ဆိုတဲ့မြို့ငယ်လေးကို ခဏတာ အတူတူပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။
အဲဒီတော့ "မယ့်ဟွန်င်ဆွန်" ဆိုတဲ့မြို့လေးမှာ ဒေါက်တာထပ့်နဲ့ အင်တို့ရဲ့ဇာတ်လမ်းလေးဟာ ဘယ်လိုဆက်ဖြစ်သွားမလဲ ...
တားရော့ဆရာလေးအင်ကရော သာမန်တားရော့ဆရာလေးလား...
ပြီးတော့ တားရော့ဆရာလေးအင်ကရော ဒေါက်တာ့ရဲ့ကံကြမ္မာကို တကယ်ပဲပြောင်းလဲပေးနိုင်ပါ့မလား ... ဆိုတာကို
ရင်ခုန်စိတ်လှုပ်ရှားစွာပဲ စောင့်ကြည့်ရမှာဖြစ်လို့ လုံးဝလုံးဝ လက်မလွှတ်လိုက်ကြနဲ့နော် 🤭❣️