-
Movie Name
-
Sniper Butterfly( ချစ်လိပ်ပြာလေး ဝဲလည်လည်) ( (2025)
-
Year
-
2025
-
Generes
-
Drama
-
Code
-
SC0966
-
Type
-
Series
-
Size
-
17.4 GB
-
Country
-
China
-
Description
-
1-30 Complete
လူငယ်လေးဟွာဖုရှန်းဟာ လောကကြီးအကြောင်းကိုမသိဘဲ ဆေးပညာကို အရူးအမူးစွဲလမ်းနေသူပါ။ သူ့ရဲ့သမားရိုးကျဆေးကုသမှု ခံယူချက်ကြောင့် မြို့ကလူတွေက သူ့ကို ချစ်ခင် ကြောက်ရွံ့ကြပါတယ်။ ဒါပေမဲ့ သမားတော်ရာချီသေဆုံးမှုကြောင့် သူ့ကို လူသတ်သမားဆိုပြီး အထင်မှားစွပ်စွဲခဲ့ကြပါတယ်။ ဒါပေမဲ့ အဲကိစ္စရဲ့သဲလွန်စဟာ သူ့ဆရာချန်ထားခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် "ကောင်းကင်စာအုပ်" ကို ညွှန်ပြနေခဲ့ပါတယ်။
သဲလွန်စတွေနောက်လိုက်တဲ့အခါမှာတော့ သဲလွန်စတွေဟာ လျန်ကျိုးမြို့ကို ဦးတည်နေပါတယ်။ အဲလိုနဲ့ လျန်ကျိုးမြို့အရှင်ရဲ့ဝိန်ကျွယ်နဲ့ အော်ပရာပြဇာတ်ရာချီတို့ရဲ့ပဲ့ကိုင်ရှင် ကုထျန်းတို့နဲ့အတူ ဟွာဖုရှန်းဟာ စုံစမ်းဖို့အတွက် လျန်ကျိုးကိုသွားခဲ့ပါတော့တယ်။ ဟွာဖုရှန်းတစ်ယောက် လျန်ကျိုးမြို့ထဲမှာ ဆေးပေးခန်းမဖွင့်အောင် ဝိန်ကျွယ်က မြို့အရှင်စံအိမ်ရဲ့အာဏာကို ယူသုံးခဲ့ပြီး ကုထျန်းကတော့ သူ့လျှာစအာစနဲ့ အချက်အလက်စုဆောင်းရာတွင် ကူညီပေးခဲ့ပါတယ်။
ဒီလိုနဲ့ ဟွာဖုရှန်းဟာ လျန်ကျိုးမှာ အောက်ခြေလူတန်းစားတွေကိုဆေးကုသပေးရင်း အမှန်တရားကိုရှာဖွေခဲ့သော်ပေမဲ့ ထူးဆန်းတဲ့အရာတွေ ခဏခဏဖြစ်ပေါ်ပြီး ပဟေဠိက ပို၍ရှုပ်ထွေးလာပါတော့တယ်။ သူရောက်လာမှုက လျန်ကျိုးကိုလှုပ်ခတ်သွားစေခဲ့တာကိုလဲ မသိရှိခဲ့ပါဘူး။
ဒီစီးရီးက ဆေးပညာနောက်ခံ လျှို့ဝှက်သည်းဖိုဇာတ်လမ်းကိုမှ Li Hong Yi ကလဲ ကျရာဇာတ်ရုပ်ကို ဆေးစက်ထင်စေနိုင်တဲ့ထိပ်တန်းသရုပ်ဆောင်တစ်ဦးဖြစ်တဲ့အပြင် မချောတစ်ယောက် ကိုယ်နှစ်ယောက်ဇာတ်သွားလမ်းကပါ ကြည့်ရှုသူပရိတ်သတ်ကို ဘယ်လိုတွေဆွဲခေါ်သွားမလဲဆိုတာကိုတော့ အတူစီးမျောခံစားကြည့်ရှုပေးကြပါအုံး!