-
Movie Name
-
Sword And Beloved(ပန်းတစ်ခက် ဓားတစ်လက်)(2025)
-
Year
-
2025
-
Generes
-
Drama
-
Code
-
SC0967
-
Type
-
Series
-
Size
-
12.1 GB
-
Country
-
China
-
Description
-
1-36 Complete
အောက်တိုဘာလရဲ့နောက်ဆုံးအပတ်မှာတော့ ဇာတ်လမ်းသစ်တွေဟာ နောက်ဆုံးပိတ်အိတ်နှင့်လွယ်ပြီးထွက်လာသလားလို့ ထင်မှတ်လောက်ရအောင် အပြိုင်အဆိုင်ထွက်လာကြပြီပဲဖြစ်ပါတယ် ….
ဒီနေ့မှာ ထွက်ရှိလာတဲ့ကားလေးကတော့ အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားချောလေး ကိုကို ချန်ယိ(Cheng Yi) နဲ့ A Dream Within A Dream ဇာတ်လမ်းထဲမှ မင်းသမီးလေး လီရိထုန်(Li Yi Tong) တို့ရဲ့ Sword and Beloved ဆိုတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။
ဒီဇာတ်လမ်းဟာ စာရေးဆရာ(TuoXiaoXin庹小新) ရဲ့ (Hu Yao Xiao Hong Niang 狐妖小红娘)(Fox Spirit Matchmaker) ရဲ့နောက်ဆုံးအပိုင်း “ဝမ်ချွမ်ဖူကွေ့”အကြောင်းကိုရိုက်ကူးထားခြင်းဖြစ်ပါတယ်။
ဒီဇာတ်လမ်းလေးက( Love in Pavilion )ဇာတ်လမ်းလေးရဲ့အဆက်လည်းဖြစ်ပါတယ်။
ဝမ်ချွမ်ဖူကွေ့ဟာ ဝမ်ချွမ်အိမ်တော်ရဲ့ အရှင်သခင်ဖြစ်တဲ့ ဝမ်ချွမ်ဟုန်ယဲ့နဲ့ တုန်းဖန်းဟွိုင်ကျူ တို့ရဲ့သားလှရတနာလေးတစ်ဦးဖြစ်ပြီး မိသားစုထဲမှာ ခွန်အားအကြီးမားဆုံးသားတော်လေးတစ်ဦးဖြစ်ပါတယ်။
ဖူကွေ့ဟာငယ်စဉ်ကတည်းက ဘဝကိုလွတ်လွတ်လပ်လပ် မဖြတ်သန်းခဲ့ရဘဲ တာအိုစစ်သည်တော်ကောင်း တစ်ဦးဖြစ်အောင် ဖခင်ရဲ့ဆုံးမသင်ကြားမှုအောက်မှာ နေ့စဉ်နှင့်အမျှ ပုံသွင်းရိုက်ခတ်ကြီးပြင်းလာခဲ့ရပါတယ် ။
ဒီလိုမျိုးရှင်သန်ခဲ့ရတဲ့ဘဝထဲကို နွေဦးကာလမှာပွင့်လန်းလာတဲ့ပန်းပွင့်လေးတွေကို ချစ်ခြင်းမေတ္တာနွေးထွေးမှုကိုယူဆောင်လာမယ့် မိန်းမပျိုလေးကတော့ ချင်းထုန်ဆိုတဲ့ ပင့်ကူမိစ္ဆာငယ်လေးပဲဖြစ်ပါတယ်။
ချင်းထုန်ဆိုတဲ့ကောင်မလေးကဒီတိုင်းရောက်လာတာမဟုတ်ဘဲ အဆိပ်မိန်းမပျို၏စေခိုင်းချက်အရ ဝမ်ချွမ်မိသားစုထဲကိုသူလျှိုအဖြစ်ဝင်ရောက်လာခဲ့ပါတယ်။
• နှလုံးသားမာကြောခက်ထန်ပြီး အထီးကျန်နေတဲ့ဘဝထဲကို နေရောင်ခြည်လို နွေးထွေးမှုပေးမယ့်ချင်းထုန်လေးရောက်လာတဲ့အခါ….
• ချင်းထုန်ကလဲ ဖူကွေ့ရဲ့အကူအညီနဲ့ သူ့ဘဝရဲ့လွတ်လပ်မှုကိုရရှိခဲ့သလို သူတို့နှစ်ဦးရဲ့သံယောဇဉ်ကြိုးတွေကလဲ တစ်စထက်တစ်စပို ခိုင်မြဲလာကြရင်း…
• သူတို့နှစ်ဦးရဲ့ အချစ်ခရီးလမ်းက သာယာချောမွေ့ပါ့မလား…
• ဖူကွေ့ကရော ကိုယ်ချစ်ရတဲ့ မိန်းကလေးနဲ့ အတူရှိနိုင်ဖို့ ဘယ်လိုတွေကြိုးပမ်းမလဲဆိုတာကို …
ဝမ်ချွမ်ဖူကွေ့ရဲ့ ဇာတ်လမ်းလေးကို ဇာတ်ရှိန်အနိမ့်အမြင့်အတက်အကျ အတိုင်း လိုက်ပါကြည့်ရှု့ခံစားလိုက်ရအောင်လား