-
Movie Name
-
Back For You (2025)
-
Year
-
2025
-
Generes
-
Fantasy, Sci-Fi
-
Code
-
SC0969
-
Type
-
Series
-
Size
-
7.87 GB
-
Country
-
China
-
Description
-
1-32 Complete
Mini series lover တို့အတွက်ရော အချစ်ငတ်နေတဲ့ C drama fan တို့အတွက်ပါ Romance, Fantasy ဇာတ်ကားလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ ဒီကားမှာ မင်းသားချောလေး Casper Xu နဲ့ Kill me love me မှာ ပါဝင်ခဲ့တဲ့ Xu Yuan Yaun တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီစီးရီးလေးက အချစ်ရိုမန့်စ်ကားဆိုပေမဲ့ သိပ္ပံစိတ်ကူးနယ်လွန်ကိုနောက်ခံထားပြီးဇာတ်အိမ်တည်ထားတာမို့ စိတ်ဝင်စားစရာလေးဖြစ်မှာကတော့ သေချာပေါက်ပါပဲ။
ဇာတ်လမ်းအညွှန်း >>>
ယွီရှင်းချန်က သူ့အချစ်ဦး စူးရော့ကွယ်လွန်သွားကြောင်းသိလိုက်ရပြီး မကြာခင်မှာပဲ ဆယ့်ငါးနှစ်တာကာလဖြစ်တဲ့အတိတ်ကို ပို့ဆောင်ပေးတဲ့ အချိန်ရေစီးကြောင်းထဲ ရုတ်တရက်ရောက်ရှိသွားခဲ့ပါတယမ။ ဒီလိုနဲ့ အတိတ်ကိုပြန်ရောက်သွားတဲ့ ရှင်းချန်တစ်ယောက် အထက်တန်းကျောင်းကိုပြန်ရောက်တဲ့အခါ နုနုနယ်နယ် ၁၈ နှစ်အရွယ် စူးရော့နဲ့ ထပ်ဆုံခဲ့ရပါတယ်။ ငယ်ရွယ်စဉ်ကမေ့ခဲ့တဲ့အခိုက်အတန့်တွေကို ပြန်လည်သတိရမိသွားချိန်မှာတော့ ရှင်းချန်ဟာ စူးရော့ရဲ့ကံကြမ္မာနဲ့ပတ်သက်တဲ့သဲလွန်စတွေကို အရိပ်အမြွက်ပြခဲ့ပါတယ်။ အဲဒါအပြင် အတိတ်နဲ့ပစ္စုပ္ပန်ကြားမှာရောက်ရှိနေတဲ့ရှင်းချန်က ချစ်ရသူကိုထာဝရမဆုံးရှုံးခင် စူးရော့သေဆုံးခြင်းရဲ့လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းဖို့နည်းလမ်းရှာပါတော့တယ်။
စူးရော့ရဲ့သေဆုံးမှုက တကယ်ပဲမရိုးရှင်းဘူးလား၊ ရှင်းချန်ကရော အတိတ်မှာပဲထာဝရပိတ်မိသွားမလား...ဒီလိုအတွေးများခေါင်းစားစေမဲ့စီးရီးမို့ အချစ်ကားရိုအီတာချည်းပဲမကြည့်ချင်ရင် ဒီစီးရီးလေးကိုအားပေးကြဖို့ ညွှန်းလိုက်ပါတယ်နော်!