Movie Name
Diary Of A Wimpy Kid The Last Straw (2025)
Year
2025
Generes
Action, Animation, Comedy, Family
Code
AN0751
Type
Movie
Size
807 MB
Country
Hollywood
Description
ဒီဇာတ်ကားလေးကတော့ ဒီဇင်ဘာလ (၅) ရက်နေ့ကမှ ထွက်ထားတဲ့ Animation/Comedy ကားသစ်လေးပါ။ ဒီဇာတ်ကားမှာတော့ Greg တစ်ယောက် သူ့အဖေရဲ့ ဖိအားပေးမှုကို အကြီးအကျယ် ရင်ဆိုင်နေရတာကို တွေ့ရမှာပါ။ Greg ရဲ့အဖေ Frank ဟာ သူ့သားရဲ့ အနေအထိုင် အပြုအမူတွေကို ကြည့်ပြီး လုံးဝ ဘဝင်မကျ ဖြစ်နေပါတယ်။ သူ့သားကို ပျော့ညံ့လွန်းတယ်၊ ယောကျာ်းမပီသဘူးလို့ မြင်နေပြီး ဒီအတိုင်း ဆက်လွှတ်ထားလို့ မဖြစ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် Greg ကို သတိပေးချက်တစ်ခု ထုတ်လိုက်ပါတော့တယ်။ အဲဒါကတော့ Greg အနေနဲ့ အခုထက်ပိုပြီး ရင့်ကျက်မလာဘူး၊ သတ္တိမရှိလာဘူးဆိုရင် သူ့ကို Military School အထိ ပို့ပြီး စစ်သားတစ်ယောက်လို တင်းတင်းကျပ်ကျပ်နေခိုင်းမယ် ဆိုတာပါပဲ။ အဲ့လိုနေရမှာကို သေမလောက်ကြောက်တဲ့ Greg ဟာ ဒီအခြေအနေကနေလွတ်မြောက်ဖို့အတွက် သူ့အဖေ အထင်ကြီးလေးစားလာအောင်၊ သူ့အဖေ သဘောကျမယ့် ပုံစံမျိုးဖြစ်အောင် နည်းလမ်းပေါင်းစုံနဲ့ သက်သေပြဖို့ ကြိုးစားရပါတော့တယ်။