Movie Name
Magik Rompak (2025)
Year
2025
Generes
Action, Crime, Thriller
Code
EN4642
Type
Movie
Size
1.04 GB
Country
Hollywood
Description
ဖာရစ်ခ်၊ ဟာဒီနဲ့ ဝါဝါတို့ဟာ မျက်လှည့်ပညာ၊ ကွန်ပျူတာနည်းပညာ၊ ကိရိယာအသစ်အဆန်းတွေကိုရောစပ်အသုံးချပြီး ဖောက်ထွင်းမှုတွေကျူးလွန်နေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ရရှိလာတဲ့ အကျိုးအမြတ်တွေကိုတော့ သူတို့ကြီးပြင်းလာခဲ့တဲ့ မိဘမဲ့ဂေဟာကိုပေးလှူလေ့ရှိပြီး သူတို့လုပ်နေတဲ့ အလုပ်တွေကလည်း ကိုယ်ရေးကိုယ်တာအငြိုးတစ်ခုကြောင့်ပါပဲ။ တစ်နေ့မှာတော့ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ တစ်ချိန်ကမလေးရှားနိုင်ငံရဲ့နာမည်အကြီးဆုံးမျက်လှည့်ဆရာတစ်ဦးဖြစ်ခဲ့တဲ့ ဟာဒီဟာ သူတို့သုံးယောက်ကိုဆက်သွယ်လာခဲ့ပြီး ကျူးလွန်ခဲ့သမျှ ဖောက်ထွင်းမှုတွေထဲမှာအကြီးဆုံးနဲ့ အခက်ခဲဆုံးဖြစ်လာမယ့် ရှားပါးသမိုင်းဝင်ရတနာတစ်ခုကို အတူတူခိုးဖို့အတွက်ကမ်းလှမ်းလာခဲ့ပါတော့တယ်။ Now You See Me နဲ့ဇာတ်လမ်းချင်းဆင်နေသလိုပဲလို့ ထင်ကြမှာပါ။ ဒါပေမယ့် Now You See Me ကိုပြန်ရိုက်ထားတာတော့မဟုတ်ပါဘူး။ အနည်းဆုံး အင်စပိုင်းယားတာလောက်ပဲဖြစ်ပါလိမ့်မယ်။ နာမည်ကျော်သရုပ်ဆောင်တွေပါဝင်ပြီး ခမ်းခမ်းနားနားရိုက်ထားတာဖြစ်လို့ကြည့်ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။