Movie Name
Dynamite Kiss (2025)
Year
2025
Generes
Comedy, Drama
Code
SKR1130
Type
Series
Size
5.31 GB
Country
Korea
Description
1-14 Complete ကလေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ ဂုံဂျီဟျော့(Jang Ki Yong)က ထက်မြက်တည်ငြိမ်ပြီး ဘယ်အရာမဆို စိတ်အားထက်သန်စွာ လုပ်ဆောင်တတ်သူပါ။ တစ်နေ့မှာ ဂိုဒါရင်း( Ahn Eun Jin) နဲ့ မမျှော်လင့်ဘဲ နမ်းခဲ့မိပြီးတဲ့နောက် နှစ်ယောက်ကြားထဲ မူမမှန်မှုလေးတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဂုံဂျီဟျော့အတွက် ပြဿနာကတော့ သူနမ်းခဲ့မိတဲ့ ဂိုဒါရင်းက အိမ်ထောင်သည်ဖြစ်နေတယ်ဆိုတဲ့အချက်ပါပဲ။ ဒါပေမဲ့ သူထင်ထားသလို မဟုတ်ဘဲ တကယ်တမ်းကျတော့ ဂိုဒါရင်းက အတည်တကျ အလုပ်တစ်ခုရဖို့အတွက် မျှော်လင့်နေတဲ့ singleလေးဖြစ်နေတာပါ။ ဂိုဒါရင်းတစ်ယောက် ဂုံဂျီဟျော့ရှိတဲ့ ကုမ္ပဏီမှာ အလုပ်ရဖို့ အိမ်ထောင်သည် ကလေးအမေပါဆိုတဲ့ ကိုယ်ရေးအကျဉ်းနဲ့ လိမ်လည်ပြီးတော့ အလုပ်ဝင်လာပါတော့တယ်။ သူနဲ့အတူ အနမ်းတွေဖလှယ်ခဲ့တဲ့ မိန်းကလေးက အိမ်ထောင်သည်လို့သိလိုက်ရတဲ့ ဂုံဂျီဟျော့နဲ့၊ မဖြစ်မနေ အိမ်ထောင်သည်ဖြစ်ကြောင်း လိမ်လည်မှဖြစ်မဲ့ ဂိုဒါရင်းတို့ကြားထဲ ဖြစ်ပေါ်လာမဲ့ အချစ်ဇာတ်လမ်းကို ဟာသနှောပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Jang Ki Yong နဲ့ Ahn Eun Jinတို့နဲ့ အတူတူ အနမ်းတွေ ဖလှယ်ရင်း လိုက်ပါစီးမျောနိုင်စေဖို့ အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တိုင်း စောင့်မျှော်လိုက်ကြရအောင်နော်။