Movie Name
Silent Tides (ဒီရေသေတိုရဲ့စီးဆင်းရာ)(2025)
Year
2025
Generes
Drama, War
Code
SC0970
Type
Series
Size
10.6 GB
Country
China
Description
1-31 Complete ဒီတစ်ခါတင်ဆက်ပေးမဲ့စီးရီးလေးကတော့ SE ဘုရင် Ren Jia Lun ရဲ့စီးရီးကောင်းလေးတစ်ခုပါ။ ဒီစီးရီးမှာ WW 2 ကာလက နှစ်နိုင်ငံဆက်ဆံရေးအခြေအနေကို ဇာတ်အိမ်အဖြစ်တည်ထားပါတယ်။ စီးရီးရဲ့ Main Lead တွေအနေနဲ့ Love & Crown မှာလဲ SE ခဲ့တဲ့ SE King Ren Jia Lun နဲ့အတူ မင်းသမီးချော Lan Ying Ying၊ ကျရာဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်ကြတဲ့ Li Chun, Tan Kai တို့က တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။ နှစ်နိုင်ငံရဲ့အရှုပ်အထွေးတွေကြားက လူ့သဘာဝတွေကိုပါ တင်ဆက်ထားပေးတာမို့ ဒီစီးရီးကလဲ မလွတ်တမ်းကြည့်ရှုရမဲ့စီးရီးတွေထဲက တစ်ခုပါပဲ။ ဇာတ်လမ်းအညွှန်း >>> ဟယ်ရော့ရှန်း၊ ဖုန်းပိုင်ချွမ်းနဲ့ ရှန်ညီအစ်ကိုတို့ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ မကာအိုရဲ့ဘဏ္ဍာရေး၊ သူလျှို‌ထောက်လှမ်းရေးနဲ့ပစ္စည်းပို့ဆောင်ရေးတို့မှာ ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ နှစ်နိုင်ငံပဋိပက္ခဖြစ်နေပြီး အခြေအနေတင်းမာနေတဲ့ကာလမှာ သူတို့ရှိနေတဲ့မကာအိုဟာ နိုင်ငံအတွက် သတ္တိရှိရှိတိုက်ပွဲဝင်ပေးခဲ့တဲ့ အရေးပါတဲ့စစ်မြေပြင်ဖြစ်လာပါတော့တယ်။ ဒီလိုအခြေအနေကြားမှာ ရန်သူကို မိတ်ဆွေလုပ်၊ မိတ်ဆွေကို သူလျှိုအဖြစ်တာဝန်ပေးရင်း အရှုပ်အထွေးတွေကြားကနေ အသက်ကိုကာကွယ်ကြရပါတယ်။ နိုင်ငံကလည်း ဒီရေလိုအပြောင်းအလဲများပြီးရှုပ်ထွေးနေတာမို့ အသံတစ်ချက်မထွက်ရဲဘဲ ငြိမ်သက်နေတဲ့ဘဝတွေကိုပါ မီးမောင်းထိုးပြသွားမဲ့ဇာတ်လမ်းမျိုးပါ။ ဒါ့အပြင် ဇာတ်ဆောင်တို့ရဲ့မွန်းကျပ်မှု၊ မရှုမလှအဆုံးသတ်ရမှု၊ အသံတိတ်ကြေကွဲရမှုတွေကိုပါ ရင်နာစွာကြည့်ရင်း အဆုံးထိဆွဲခေါ်ပေးသွားနိုင်မှာမို့ ဒီစီးရီးကို ongoing အမီလိုက်ကြဖို့ ညွှန်းလိုက်ရပါတယ်!