-
Movie Name
-
The Vendetta Of An (စစ်တုရင်ခုံပေါ်မှ ရန်ငြိုးဗျူဟာ) (2025)
-
Year
-
2025
-
Generes
-
Drama
-
Code
-
SC0971
-
Type
-
Series
-
Size
-
9.86 GB
-
Country
-
China
-
Description
-
1-28 Complete
Wude ကာလမှာ ဟူပိန်လျှို့ဝှက်အရိပ်အဖွဲ့က ချန်အန်းကို အုပ်ချုပ်ခဲ့ပေမဲ့ ပဒေသရာဇ်ဧကရာဇ်ဖြစ်တဲ့ ရှောက်ဝူယန်က အာဏာသိမ်းပိုက်လိုက်ချိန်မှာတော့ အဲအဖွဲ့ကလည်း နန်းကျဧကရာဇ်မင်းနဲ့အတူ ပျောက်ကွယ်သွားခဲ့ရပါတယ်။ ခေါင်းဆောင်ဖြစ်တဲ့ယန်ဖုန်းရှန်ကတော့ နန်းကျဧကရာဇ်ကို သူ့အကျိုးအတွက် အသုံးချပစ်ခဲ့ပါတယ်။
အဲဒီလိုအသုံးချမှုကြောင့် နစ်နာခဲ့ရသူတွေထဲမှာ ဆံဖြူကောင်လေးလို့ အများကခေါ်ဆိုကြတဲ့ ရှဲ့ဟွိုင်အန်းအမည်ရ လူငယ်လေးတစ်ဦးလည်းပါဝင်ခဲ့ပါတယ်။ သူဟာ ဟူပိန်လျှို့ဝှက်အရိပ်အဖွဲ့ကတပ်မှူးဟောင်းရဲ့သားပါ။ ဒါပေမဲ့ စစ်သူကြီးယန်ဖုန်းရှန်ရဲ့ကောက်ကျစ်မှုကြောင့် သူတို့မိသားစုတစ်စုလုံး အမြစ်ပြတ်အသတ်ခံလိုက်ရပြီး သူပဲ ရှင်ကျန်ခဲ့ပါတယ်။
ဒီသွေးကြွေးကိုရင်ဝယ်ပိုက်ထားတဲ့ ရှဲ့ဟွိုင်အန်းက မိသားစုအတွက် လက်စားချေနိုင်ဖို့ သူ့ရုပ်ရည်သွင်ပြင်နဲ့ဆံဖြူတွေကို ပြောင်းလဲပစ်လိုက်ပါတယ်။ ဒီလိုနဲ့ လူမသိသူမသိ ၁၀ နှစ်နီးပါးလောက်နေထိုင်ပြီးနောက်မှာ အကျင့်ပျက်အရာရှိတွေကိုရှင်းလင်းပေးဖို့ ဧကရာဇ်ရှောင်ဝူယန်ဆီကနေ သဘောတူညီမှုရယူနိုင်ခဲ့ပါတယ်။
သိုင်းပညာ တစ်စွန်းတစ်စမျှမတတ်ဘဲ ဉာဏ်ပညာကိုပဲအားကိုးတဲ့ ရှဲ့ဟွိုင်အန်းတစ်ယောက် အကျင့်ပျက်အရာရှိတွေကိုဖော်ထုတ်ဖို့ကြိုးစားရင်း တစ်ဖက်မှာလည်း သွေးကြွေးပြန်ယူဖို့ တိတ်တဆိတ်အကွက်ချစီစဉ်နေခဲ့ပါတယ်။
အပြင်ပန်းအရ ကျော့ရှင်းခန့်ညားသိမ်မွေ့ပုံရပေမဲ့ အတွင်းစိတ်က ထက်မြမြဓါးသွားတစ်ချောင်းလိုဖြစ်နေတဲ့ရှဲ့ဟွိုင်အန်းဟာ တိုင်းပြည်ရေးအရှုပ်အထွေးတွေကြားမှာ ဘုရင်ပေးတဲ့တာဝန်ကို ကျေပွန်အောင်လုပ်ဆောင်နိုင်ပါ့မလား၊ အင်အားကြီးရန်သူကိုရော အောင်အောင်မြင်မြင် လက်စားချေနိုင်ပါ့မလား...?
သွေးအန်ဘုရင် Cheng Yi တစ်ယောက် ဒီစီးရီးမှာရော သွေးအန်မှာလား? ဒါမှမဟုတ် နောက်ဆုံးထိ အသက်ရှင်သွားနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့အပြင် ကြည့်ရှုသူကိုပါ ရင်တလှပ်လှပ်ဖြစ်စေမဲ့စီးရီးကောင်းမို့ လက်မလွှတ်တမ်းကြည့်ရှုအားပေးလိုက်ကြပါဦးနော်!