-
Movie Name
-
ClaireBell (2025)
-
Year
-
2025
-
Generes
-
Drama
-
Code
-
ST1112
-
Type
-
Series
-
Size
-
3.60 GB
-
Country
-
Thai
-
Description
-
1-8 Complete
အချစ်ကလေး ဒါဝိကာ ကိုယ်တိုင် ရေးသားထားပြီးတော့ ဒါဝိကာအင်တာတိန်းမန့်ကနေ ရိုက်ကူးတင်ဆက်ထားတဲ့
ဟော့ဟော့ကြမ်းကြမ်း အကျဉ်းထောင် GL ဒရာမာ ဇာတ်လမ်းလေး ထွက်ရှိလို့လာခဲ့ပါပြီ။
မတရားစွပ်စွဲခံရပြီးတော့ ထောင်၁၅လ ကျခံခဲ့ရတဲ့ ဘဲဆိုတဲ့ကောင်မလေး၊
သူ့လက်ထဲမှာ မူးယစ်ဆေး လက်ဝယ်ကိုင်ဆောင်ထားတာ တွေ့ရတဲ့အမှုနဲ့ ဖမ်းခံခဲ့ရပေမဲ့လည်း
ဘဲကတော့ အဲဒီဆေးတွေဟာ သူပိုင်တာမဟုတ်ကြောင်း အခိုင်အမာ ငြင်းဆိုခဲ့သူဖြစ်ပါတယ်။
ဘဲတစ်ယောက် အကျဉ်းထောင်ထဲကို ရောက်တဲ့အချိန်မှာတော့ အကျဉ်းထောင်တွေရဲ့ ထုံးစံအတိုင်းပဲ
အင်အားကြီးသူသာ ကြီးစိုးရာနေရာဆိုတော့ အင်အားကြီးသူတွေရဲ့ ပစ်မှတ်ထားခံရပါတော့တယ်။
ဒီလို အားကိုးရာမဲ့နေတဲ့အချိန်မှာပဲ အကျဉ်းထောင်ထဲမှာ အားလုံးရဲ့ ကြောက်ရွံ့ရှောင်ရှားခြင်းကို ခံရတဲ့ ကလဲရ်ဆိုတဲ့သူရဲ့ အကူအညီကို ရခဲ့ပါတော့တယ်။
ကလဲရ်ဆိုသူကတော့ ကျောင်းပိတ်ရက်တစ်ရက် ကျောင်းထဲကို ခိုးဝင် ကွန်ပျူတာခိုးခဲ့ပြီး
ရူပဗေဒဆရာကို ဓားနဲ့ထိုးသတ်လိုက်ခါ ရဲတွေလာတာကို ထိုင်စောင့်ပြီး အဖမ်းခံခဲ့လို့
"၁၉ချက်ကလဲရ်"ဆိုပြီးတော့ နာမည်ကြီးခဲ့သူလည်းဖြစ်ပါတယ်။
အကျဉ်းထောင်ထဲရောက်လာတဲ့အခါမှာလည်း သူနဲ့ ရန်ဖြစ်တဲ့သူတိုင်းကို လွှတ်မပေးဘဲ
အသေလုပ်တဲ့အတွက် "ခွေးရူမ" ဆိုပြီး နာမည်တွင်နေပါသေးတယ်။
ဒီလိုမျိုး ရက်စက်မှုတွေအပြည့်ရှိနေတဲ့ ကလဲရ်ရဲ့ လက်အောက်မှာ ဘဲတစ်ယောက် ဘယ်လိုတွေ ဂရုစိုက်ခံရမလဲ .....
သူတို့နှစ်ယောက်ကြားက ခင်မင်မှုကရော ဘယ်လိုတွေ အရောင်ပြောင်းလာမလဲ ........
အကျဉ်းထောင်ထဲက ရက်စက်မှုတွေကရော ဘယ်လိုတွေရှိလဲ.... ဆိုတာကို
ကြည့်ရှုရမဲ့ စိတ်လှုပ်ရှားဖွယ်ရာအပြည့်နဲ့ GL စီးရီးလေးဖြစ်ပါတယ်။