-
Movie Name
-
Corrupted (2025)
-
Year
-
2025
-
Generes
-
-
Code
-
ST1113
-
Type
-
Series
-
Size
-
4.61 GB
-
Country
-
Thai
-
Description
-
1-12 Complete
တက္ကသိုလ်ကျောင်းသူ လီယူဟာ မထင်မှတ်ထားဘဲနဲ့ အိမ်ခြံမြေကုမ္ပဏီတစ်ခုမှာ အလုပ်သင်အဖြစ်လုပ်ကိုင်ခွင့်ရလာခဲ့ပါတယ်
ဒါပေမယ့်လည်း အခက်အခဲအမျိုးမျိုး ရင်ဆိုင်ရရုံသာမက လုပ်ဖော်ကိုင်ဖက်တွေဆီက အနိုင်ကျင့်တာတွေကိုပါ ကြုံရပါတယ်
အဆိုးဆုံးကတော့ လီယူရဲ့ CEO ရာချင်နဲ့ အမြဲပဋိပက္ခဖြစ်တာပါပဲ
ဘာပဲဖြစ်ဖြစ် လီယူတစ်ယောက်ကတော့ လုံးဝမလက်လျှော့ပါဘူး
ဒါပေမယ့်လည်း ကံမကောင်းအကြောင်းမလှစွာနဲ့ လီယူရဲ့အဖွားကလည်း နေမကောင်းဖြစ်
တပ်ကြပ်ဟောင်းဖြစ်တဲ့အဖေကလည်း ထိခိုက်ဒဏ်ရာရပြီး ဆေးရုံတင်ထားရတဲ့အချိန်
အမှောင်ထဲကအလင်းလို ရာချင်က လီယူကို ကူညီပေးခဲ့ပါတယ်
ရာချင်ဘက်မှာလည်း ကုမ္ပဏီအချက်အလက်နဲ့ပတ်သတ်ပြီး အကြပ်ရိုက်နေချိန်
လီယူတစ်ယောက် ကုမ္ပဏီငွေ အလွဲသုံးစားလုပ်မှုအကြောင်းကို ခြေရာခံမိသွားပါတော့တယ်
ဒီလိုနဲ့ အမှန်တရားရှာဖွေဖို လီယူထွက်လာခဲ့တာ ဘုန်းကြီးကျောင်း ပြောင်းလာနေတဲ့ ကိုရင်လေးတစ်ပါးနဲ့ ဆုံပါတော့တယ်
တိုက်တိုက်ဆိုင်ဆိုင် ကိုရင်လေးကလည်း ဘုန်းကြီးကျောင်းကလူတွေရဲ့ လှုပ်ရှားမှု မသင်္ကာဖြစ်နေတာပါ
လီယူတစ်ယောက် စုံစမ်းရင်းစုံစမ်းရင်းနဲ့ အဂတိလိုက်စားမှုကြီးမှာ သူက တစ်စိတ်တစ်ပိုင်းပါဝင်နေတာကို သိလိုက်ရတဲ့အချိန်မှာ
ဘာတွေဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှူလိုက်ရအောင်