-
Movie Name
-
HAQ (2025)
-
Year
-
2025
-
Generes
-
Drama
-
Code
-
IND1777
-
Type
-
Movie
-
Size
-
840 MB
-
Country
-
Bollywood
-
Description
-
ဒီနေ့မှာတော့ ၂၀၂၅ ရဲ့ အကောင်းဆုံးတရားခွင်အခြေပြု ဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့
"Haq" အကြောင်း တင်ဆက်ပေးထားပါတယ်
မင်းသမီး ယာမီ ဂေါင်တမ်နဲ့ မင်းသား အီမရန်ဟတ်ရှ်မီးတို့ အပြိုင်အဆိုင် သရုပ်ဆောင်ထားတဲ့
ဒီကားကတော့ တကယ်ဖြစ်ရပ်မှန် "Shah Bano Case" ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး ကြည့်
နေရင်းနဲ့ ရင်ထဲမှာ တစ်ခုခုကျန်ခဲ့မယ့် ကားမျိုးပါ ကုဋေ ၄၅ ကုန်ကျခံရိုက်ကူးထားတဲ့ ရုံတင်ကား
ကောင်းတစ်ကားပဲဖြစ်ပါတယ်
ရှာဇီယာဆိုတဲ့ အမျိုးသမီးလေးတစ်ယောက် သူမက ရှေ့နေတစ်ယောက်ဖြစ်တဲ့ အဘတ်စ်နဲ့
လက်ထပ်ပြီး သားသမီးသုံးယောက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင် အရမ်းအချစ်ခံ အိမ်ထောင်ရှင်မ
ဘဝနဲ့အေးအေးဆေးဆေး နေထိုင်လာခဲ့တာပါ ဒါပေမဲ့ လက်ထပ်ပြီး ၉နှစ်အကြာမှာ အဘတ်စ်
က သူမကို အသိမပေးဘဲ ဒုတိယဇနီးတစ်ယောက် ရုတ်တရက်ထပ်မံခေါ်လာခဲ့တဲ့အခါမှာတော့
ရှာဇီယာ့ရဲ့ ကမ္ဘာလေးက တစ်စစီပြိုလဲသွားပါတော့တယ်
သူမက ဂုဏ်သိက္ခာရှိရှိနဲ့ အိမ်ကနေ ဆင်းသွားခဲ့ပေမဲ့ ခင်ပွန်းဖြစ်သူက သူမနဲ့ သားသမီးတွေအတွက်
ပေးရမယ့် စရိတ်စကတွေကို ရပ်တန့်လိုက်တဲ့အခါမှာတော့ ပြဿနာက စပါတော့တယ် ရှာဇီယာက
သူမရဲ့အခွင့်အရေးအတွက် တရားရုံးမှာ တရားစွဲဆိုဖို့ ဆုံးဖြတ်ခဲ့ပါတယ်
ဒါပေမဲ့ ဒီတိုက်ပွဲက သာမန်လင်မယားကွာရှင်းတဲ့ တိုက်ပွဲမျိုးမဟုတ်ဘဲ ဘာသာရေး အယူအဆတွေ၊
ရှေးရိုးစွဲ စည်းမျဉ်းတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြားက ပဋိပက္ခတစ်ခုအဖြစ် ကြီးထွားလာပါတော့
တယ်
တစ်လောကလုံးကိုဆန့်ကျင်ပြီး သူမရဲ့ ရပိုင်ခွင့်အတွက် ဘယ်လိုတွေ ရုန်းကန်သွားမလဲဆိုတာက
တော့ တကယ်ကို ထိုင်ရာမထကြည့်ချင်မိအောင် ဆွဲဆောင်နေမှာ အမှန်ပါပဲ