-
Movie Name
-
Boku No Ita Jikan
-
Year
-
2014
-
Generes
-
Drama, Romance
-
Code
-
SJP0011
-
Type
-
Series
-
Size
-
3.01 GB
-
Country
-
Japan
-
Description
-
The hours of my life | Boku no ita jikan
Episode 1-10 [END]
မြန်မာစာတန်းထိုး
မသေခင်ကြည့်သွားသင့်တဲ့ ဂျပန်ဒရာမာတစ်ခုဆိုရင် ကျွန်တော်ဒီဒရာမာကို အရင်ဆုံးလက်ညှိုးထိုးပြမိမှာပါ မျက်ရည် တောက်တောက်ကျရလောက်အောင် ခံစားရတဲ့ ဇာတ်လမ်းတွဲတွေကိုကြိုက်တဲ့ ပရိသတ်တွေအတွက်တော့ အံကိုက်ပါပဲ 11 ပိုင်းမှာ 8 ပိုင်းလောက်က တစ်ရှူးနဲ့လက် မပြတ်ခဲ့ရတဲ့အထိ ကောင်းလွန်းတဲ့ ဇာတ်လမ်းလေးပါ မင်းသားချော Haruma Miura ရဲ့ သရုပ်ဆောင် ပိုင်နိုင်လွန်းလှတာကြောင့် သူ့မျက်နှာကို တစ်ချက်ကြည့်ရုံနဲ့တင် ဝမ်းနည်းစိတ်က ဖြစ်ပေါ်လာရပါတယ်
ဇာတ်လမ်းလေးကတော့ တကုတို(Haruma Miura) ဟာ တစ်ကိုယ်တည်းသမားတစ်ယောက်ပါ သူ့ရဲ့မိဘတွေက သူ့ကိုဖုတ်လေတဲ့ငါးပိရှိတယ်လို့တောင်သတ်မှတ်ထားခြင်းမရှိဘဲ ဆေးကျောင်းသား ဆရာဝန်ဖြစ်မယ့် သူ့ရဲ့ညီငယ်ကိုသာ ဖူးဖူးမှုတ်ဂရုစိုက်နေခဲ့ကြသူများပေါ့ သူဟာ အချိန်ပြည့် အလုပ်တစ်ခုကို ရရှိနိုင်ဖို့ ရုန်းကန်နေခဲ့ရပြီး အဲ့ဒီ့ အလုပ်ရှာဖွေရင်းနဲ့ပဲ သူ့ရဲ့တစ်ဘဝလုံးစာ ချစ်ရမယ့်သူ ကိုတွေ့ရှိခဲ့ရပါတယ် တစ်နေ့မှာတော့ သူ့ရဲ့ခန္ဓာကိုယ်မူမမှန်ဖြစ်လာတာကို သတိပြုမိခဲ့ပြီး ဆေးရုံကို သွားစစ်ဆေးကြည့်ရာမှာတော့ ALS(Amyotrophic Lateral Sclerosis) လို့ခေါ်တဲ့ (အာရုံကြောကနေတစ်ဆင့် မိမိရဲ့လွတ်လပ်စွာလှုပ်ရှားသွားလာနိုင်မှုကနေ နောက်ဆုံး အသက်ကိုပါ ဖြည်းဖြည်းချင်းနှုတ်ယူသွားမယ့်)
ရောဂါတစ်ခုစွဲကပ်နေတာကိုသိရှိလိုက်ရပါတယ် အဲ့ဒီ့အကြောင်းကို ကြားလိုက်ရရချင်း သူဟာ အတော်လေးတုန်လှုပ်ခြောက်ခြားသွားခဲ့ပေမယ့် သူဟာ သူ့ရဲ့စိတ်ကိုပြန်လည်စုစည်းပြီး သူ့ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို တစ်ခုချင်းစီလိုက်လံရှာဖွေခဲ့ပါတယ် သူမသေဆုံးခင်မှာ ပြီးမြောက်အောင်လုပ်သွားချင်တဲ့အရာလေးတွေပေါ့
ရှာဖွေနေခဲ့ရင်းနဲ့ပဲ အဲ့ဒီ့ ALS ဆိုတဲ့ရောဂါဆိုးကြီးကို ကြံ့ကြံ့ခံသွားနိုင်မလား ဘာမှမလှုပ်မရှားနိုင်တဲ့ ရောဂါသည်တစ်ယောက်ရဲ့ ဒုက္ခသုက္ခတွေ အထီးကျန်ခံစားရမှုတွေ မိသားစုရဲ့အရေးမစိုက်မှု တွေ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့တန်ဖိုး တစ်ဘဝလုံးစာချစ်ရမယ့်သူဆိုတာဘာလဲ စတဲ့
ရသပေါင်းစုံ သင်ခန်းစာအမျိုးမျိုး ခံစားချက်အထွေထွေတို့ကို မျက်ရည်ကျလောက်တဲ့အထိ ပေးစွမ်းနိုင်မယ့် ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်ပါတယ် တစ်ကမ္ဘာလုံးမှာရှိတဲ့ ALS ရောဂါရှင်တွေရဲ့ ဘဝကိုပါ ထင်ဟပ်အောင် ပြသနိုင်ခဲ့ပါတယ်
(ALs ဆိုတာက ဦးနှောက်ရဲ့ အာရုံကြောစနစ်က ထိန်းချုပ်စင်တာတွေကို တစ်ခုချင်းတစ်ခုချင်းစီဖဲ့ခြွေသွားတဲ့ရောဂါတစ်မျိုးပါ ပထမဆုံးခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခု ဥပမာ လက် လှုပ်ရှားမရတော့ပါဘူး လက်ကနေတစ်ဆင့်ခြေထောက် ပြီးရင် တစ်ကိုယ်လုံးအကြောတွေသေဆုံးသွားတဲ့ရောဂါတစ်မျိူးပါ စတီဖင်ဟော့ကင်းဖြစ်တဲ့ရောဂါမျိုးပေါ့ အဲ့ဒီ့ရောဂါကနေ အသက်ရှည်ရှည်နေနိုင်သူဦးရေ 5%လောက်သာရှိခဲ့ပါတယ် )