-
Movie Name
-
Mystique In The Mirror (2025)
-
Year
-
2025
-
Generes
-
Drama
-
Code
-
ST1125
-
Type
-
Series
-
Size
-
3.19 GB
-
Country
-
Thai
-
Description
-
1-8 Complete
အယ်လန်ဆိုတာက မှတ်ဉာဏ်သိပ်မကောင်းတဲ့ သာမန်လူငယ်လေးတစ်ယောက်ပေါ့။ သူ့ဘဝက ဘယ်အချိန်မှာစပြောင်းလဲသွားလဲဆိုတော့ မှန်ကြည့်လိုက်တိုင်းမှာ ထူးဆန်းတဲ့ အဖိုးကြီးတစ်ယောက်ရဲ့တစ္ဆေကို စမြင်လာရတဲ့အချိန်ကစပြီးပဲ။
အယ်လန်ရဲ့အဖေကတော့ ဒါတွေဟာ စိတ်စွဲပြီးမြင်ယောင်နေတာပဲလိုထင်ပြီး သူ့ကို စိတ်ကျန်းမာရေးဆေးရုံပိုပြီး ကုသမှုခံယူခိုင်းလိုက်တယ်။ ဆေးရုံရောက်တော့ သူ့အခန်းဘေးက ဒါဝင်ဆိုတဲ့ ကောင်လေးနဲ့တွေ့ပြီး သူတိုနှစ်ယောက် ခင်မင်ရင်းနှီးသွားကြတယ်။ ဒါပေမဲ့ ဆရာဝန်က ဘယ်လိုပဲကုသပေးပါစေ၊ အယ်လန်မြင်နေရတဲ့ပုံရိပ်တွေကတော့ ပျောက်မသွားခဲ့ဘူး။
ဒီအချိန်မှာ အယ်လန်က သူမြင်နေရတာတွေဟာ စိတ်စွဲမြင်ယောင်တာတွေမဟုတ်ဘဲ တကယ်တစ္ဆေခြောက်ခံနေရတာဖြစ်မယ်လို သံသယဝင်လာတော့တယ်။ တကယ်လိုသာ သူထင်သလို တစ္ဆေခြောက်ခံနေရတာဆိုရင်၊ အတိတ်မှာ သူလုံးဝမမှတ်မိတော့တဲ့ အကြောင်းအရာတစ်ခုခုက ဒီအဖိုးကြီးတစ္ဆေနဲ့ သူ့ကို ဆက်စပ်နေတာဖြစ်ရမယ်လို သူတွေးမိလာတယ်။
ဒါနဲ့ပဲ ဒါဝင်ရဲ့အကူအညီကိုယူပြီး အယ်လန်တစ်ယောက် သူ့ရဲ့အတိတ်ကို ပြန်လည်စုံစမ်းဖော်ထုတ်ပါတော့တယ်။ ဒါပေမဲ့ ပြဿနာက အဲ့ဒီလိုစုံစမ်းရင်းနဲ့ သူစာရွက်စာတမ်းတစ်ခုကို သွားတွေ့တယ်။ အဲ့ဒီမှာရေးထားတာက သူ့ကိုဆေးရုံပိုခဲ့တဲ့ သူ့အဖေဟာ တကယ်တမ်းမှာ လွန်ခဲ့တဲ့အချိန်အတော်ကြာကြီးကတည်းက သေဆုံးသွားခဲ့ပြီးပြီတဲ့။