-
Movie Name
-
Idol I(2026)
-
Year
-
2026
-
Generes
-
Comedy, Drama
-
Code
-
SKR1138
-
Type
-
Series
-
Size
-
3.45 GB
-
Country
-
Korea
-
Description
-
1-12 Complete
Idol နဲ့ Fan ဇာတ်လမ်းမျိုး ကြိုက်နှစ်သက်ကြတဲ့ သူတွေအတွက် Idol I ဆိုတဲ့
Mystery, Comedy, Romance စီးရီးလေး ထွက်ရှိလို့လာပါပြီ။
ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ Girl’s Generation အဖွဲ့ဝင် Choi Soo Young,
Love In Contract, The Judge From Hell တို့မှာ ပါဝင်ခဲ့တဲ့ မင်းသား Kim Jae Yeong
တို့ပဲဖြစ်ပါတယ်။
မိန်ဆယ်နာ (Choi Soo Young) ကတော့ “ဗီလိန်တွေအတွက် ရှေ့နေ” လို့
နာမည်ပြောင်ပေးရလောက်တဲ့အထိ လူထုရဲ့ ဝေဖန်မှုများလို့ တခြားရှေ့နေတွေပါ
လက်ရှောင်ပစ်ရတဲ့ ရာဇဝတ်မှုပေါင်းများစွာကို ရှေ့နေလိုက်ပေးခဲ့ပါတယ်…။
အဲဒီလိုရှေ့နေတစ်ယောက်ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ကတော့ Gold Boys ဆိုတဲ့
အိုင်ဒေါအဖွဲ့ကို နှစ်ပေါင်းများစွာ ချစ်ခင်အားပေးနေခဲ့တာပါပဲ။
ဒိုရာအစ် (Kim Jae Young) ကတော့ Gold Boys ဆိုတဲ့ အိုင်ဒေါအဖွဲ့ရဲ့ Vocalist
တစ်ယောက်ပဲဖြစ်ပါတယ်…။ ပရိသတ်ရဲ့ ချစ်ခင်မှုကို ရရှိနေတဲ့ ဒိုရာအစ်ကတော့ လူသတ်မှုတစ်ခုမှာ ပါဝင်ပတ်သက်ပြီးတဲ့နောက် ဘဝက တစ်ဆစ်ချိုးပြောင်းလဲသွားခဲ့ပါတော့တယ်…။
ဒီလိုနဲ့ ကြည့်ရှုတဲ့ပရိတ်သတ် မှန်းထားတဲ့အတိုင်း ဒိုရာအစ်ရဲ့ အမှုကို ရှေ့နေလိုက်ပေးမယ့်သူက
မိန်ဆယ်နာဖြစ်လာပါတော့တယ်…။
နာမည်ကြီးရှေ့နေဖြစ်တဲ့ မိန်ဆယ်နာက သူအကြိုက်ဆုံး အိုင်ဒေါ ဒိုရာအစ်ကို ရာဇဝတ်မှုကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်မလား…။ အဖြစ်မှန်က ဘယ်လိုဖြစ်မလဲ…ဆိုတာကို
အပတ်စဉ် စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ…။