-
Movie Name
-
Love Me(2025)
-
Year
-
2025
-
Generes
-
Drama
-
Code
-
SKR1139
-
Type
-
Series
-
Size
-
6.49 GB
-
Country
-
Korea
-
Description
-
1-12 Complete
“Dr. Romantic, Why Her” စတဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေရဲ့ ပဲ့ကိုင်ရှင် မမ Seo Hyun Jin, Twice အဖွဲ့ဝင် Dahyun,
“The Scandal of Chunhwa, Daily Dose of Shunshine, My Name” စတဲ့ဇာတ်လမ်းတွဲတွေမှာပါဝင်ခဲ့တဲ့ မင်းသား Chang Ryul,
Lee Si Woo, မင်းသားကြီး Yoo Jae Myung နဲ့ မမလှလှ Yoo Se Ah တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ကားသစ်လေးရပါပြီနော်။
ဇာတ်လမ်းလေးဟာဆိုရင် “Älska mig” အမည်ရှိဆွီဒင် comedy drama ကားကို အခြေခံ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
သားဖွားမီးယပ်အထူးကုဆရာဝန်မလေး “ဆောဂျွန်ဂယောင်း” ဟာ အများအမြင်မှာတော့ ရုပ်ရည်လေးကလည်းချော, ထက်ထက်မြက်မြက်ကလည်းရှိ, ကောင်းမွန်တဲ့အသက်မွေးဝမ်းကြောင်းအလုပ်လည်းရှိပြီး ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားသူတစ်ယောက်ပေါ့။
တကယ်တမ်းမှာတော့ လွန်ခဲ့တဲ့ ၇ နှစ်က ဂျွန်ဂယောင်းတို့ မိသားစုမှာ အဖြစ်ဆိုးတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီး ဂျွန်ဂယောင်းက အဲဒီအဖြစ်ကနေ ထွက်ပြေးလာခဲ့မိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိစိတ်ဝင်ခဲ့ကာ
နာကျင်စရာအတိတ်နဲ့ စိတ်ဒဏ်ရာကြီးကို သယ်ပိုးထားရင်း တစ်ကိုယ်တည်း အထီးကျန်နေရသူပါ။
ဒီလိုနဲ့ တစ်နေ့မှာတော့ ..
ဂျွန်ဂယောင်းကို အပြည့်အဝနားလည်ပေးနိုင်တဲ့သူ ..
ဂျွန်ဂယောင်းရဲ့ healing journey လေးကို အတူတူလျှောက်လှမ်းပေးမဲ့သူတစ်ယောက်ပေါ်လာတဲ့အခါ ..
ဂျွန်ဂယောင်းရဲ့ဘဝ ဘယ်လိုမျိုး ပြန်တောက်ပလာမလဲဆိုတာကို အတူတူရှုစားရမဲ့ healing drama ကောင်းလေးဖြစ်ပြီး အပတ်စဥ် သောကြာနေ့တိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။