Movie Name
Don't Follow Me (2025)
Year
2025
Generes
Horror
Code
EN4648
Type
Movie
Size
533 MB
Country
Hollywood
Description
ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ကျောတချမ်းချမ်းနဲ့ စိမ့်နေအောင်ကြောက်ရမဲ့ Horror ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ တက်သစ်စ ယူကျူဘာတစ်ဦးဖြစ်တဲ့ ကာလာဟာ မက္ကစီကိုမြို့က သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ တိုက်ခန်းကိုငှားပြီး သရဲဗီဒီယိုတွေရိုက်ကူးဖို့လုပ်ပါတော့တယ်။ အစပိုင်းမှာတော့ ကာလာက သူ့သူငယ်ချင်း beauty blogger ဆမ်လိုမျိုး Silver button လိုချင်တဲ့အတွက် subscriber တွေတိုးလာအောင် သရဲခြောက်တဲ့ဗီဒီယိုတွေကို ဆမ်နဲ့အတူ လုပ်ကြံဖန်တီးပြီးရိုက်ကူးကြပါတယ်။ အပျော်အပျက်သဘောမျိုးနဲ့ သရဲခေါ်တာတွေ အစီအရင်တွေ လုပ်ပြ၊ရိုက်ပြပြီး မကြာခင်မှာပဲ တကယ်ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို ကာလာတစ်ယောက်ကြုံလာရပါတယ်။ သူတကယ်တမ်း ထူးဆန်းကြောက်မက်ဖွယ်ရာတွေကြုံလာရတဲ့အခါမှာ သူငယ်ချင်းဖြစ်တဲ့ ဆမ်ကပါ ကာလာပြောတာကို မယုံမကြည်တွေဖြစ်လာပါတော့တယ်။ အဲလိုနဲ့ပဲ ကာလာတစ်ယောက်တည်း သရဲကိုရအောင်မှတ်တမ်းတင်မယ်ဆိုပြီး တိုက်ခန်းကြီးထဲ ဆက်နေနေရာကနေ မထင်မှတ်ထားတဲ့အဖြစ်ဆိုးကြီးကို ကြုံတွေ့လာရတဲ့အခါ... ကာလာတစ်ယောက် ဒီတိုက်ခန်းကြီးထဲကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။