-
Movie Name
-
Speed And Love
-
Year
-
2025
-
Generes
-
Drama, Roma
-
Code
-
SC0974
-
Type
-
Series
-
Size
-
10.9 GB
-
Country
-
China
-
Description
-
ကိုးနှစ်မပြည့်ခင်အထိ ကျန်းမုဟာ အချစ်ခံရတဲ့ညီမလေးအဖြစ် အိမ်မှာနွေးထွေးလုံခြုံစွာနေထိုင်ခဲ့ရပါတယ်။ သူ့အစ်ကိုဖြစ်တဲ့ ကျင်းကျောက်ကလဲ ထက်မြက်တာမို လူတိုင်းက ချစ်ခင်ကြပါတယ်။ ဒါပေမဲ့ မိဘတွေကွာရှင်းပြတ်စဲတဲ့အခါ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတော့တယ်။ ဖခင်ဖြစ်သူက ကျင်းကျောက်နဲ့အတူ ထိုင်းနိုင်ငံကိုထွက်သွားခဲ့ချိန်မှာတော့ သူအရမ်းချစ်ခင်ရတဲ့အစ်ကိုကြီးကျင်းကျောက်ဟာ မွေးစားသားဖြစ်မှန်း ကျန်းမုလေး သိရှိသွားခဲ့ပါ။ ဒါပေမဲ့ အစ်ကိုကို အဲလိုမျိုးမလွှတ်လိုက်နိုင်တဲ့ကျန်းမုဟာ ကျင်းကျောက်ကိုရှာဖို ထိုင်းနိုင်ငံကို တစ်ယောက်တည်းခရီးထွက်လာခဲ့တယ်။ ပြန်ဆုံတွေ့ကြချိန်မှာတော့ သူသိခဲ့တဲ့ချစ်စရာကောင်လေးက ပြောင်းလဲသွားခဲ့ပါပြီ။ တောက်ပတဲ့အနာဂတ်မရှိဘဲ တဇွတ်ထိုးပြီးမိုက်ရူးရဲဆန်တဲ့လူငယ်လေး ဖြစ်နေပါပြီ။ ကျင်းကျောက်ဟာ ကျန်းမု လုံးဝမသိတဲ့မြေအောက်ဂိုဏ်းတွေမှာ ရုန်းကန်ရင်း အန္တရာယ်များတဲ့အလုပ်တွေကိုလုပ်ကိုင်နေခဲ့ပါတယ်။ ဒီပြန်လည်ဆုံဆည်းမှုကိုတောင့်တခဲ့ပေမဲ့ ထိပ်တိုက်ရင်ဆိုင်ရချိန်မှာတော့ စိတ်မသက်မသာဖြစ်ခဲ့ရပါတယ်။ တွေ့ချင်စိတ်တစ်ခုနဲ့၊ လက်မလွှတ်နိုင်တဲ့စိတ်တစ်ခုနဲ့ မဆိုင်းမတွအပြေးရှာခဲ့ပေမဲ့ အခုချိန်မှာတော့ အစ်ကိုဖြစ်သူဟာ သူ့အတွက် သူစိမ်းတစ်ယောက်လို ဖြစ်နေခဲ့ပါတယ်။
ဒါပေမဲ့ သူစိမ်းတွေကနေ ချစ်သူတွေအထိဖြစ်လာအောင် ကျန်းမုက တည်ငြိမ်စွာချဉ်းကပ်ခဲ့ပါတယ်။ အစပိုင်းမှာတော့ ကျင်းကျောက်ကခုခံရင်း နောက်ဆုတ်ခဲ့ပေမဲ့ နောက်ဆုံးမှာ သူ့ခံစားချက်တွေကိုလက်ခံပြီး ကျန်းမုဆီ ရဲရဲကြီးလျှောက်လှမ်းလာပါတော့တယ်။ သူ့ဘဝက ခါးသီးလွန်းတာမို ကျန်းမုကို အဲဒီအမှောင်ထုကနေ ဝေးဝေးမှာထားချင်ခဲ့ပေမဲ့ အချစ်သူရဲကောင်းမလေး ကျန်းမုက အရာအားလုံးကိုစွန့်စားပြီး သူ့ဆီသို ခိုင်ခိုင်မာမာလျှောက်လှမ်းခဲ့ပါတယ်။ ဒီလိုနဲ့ အချစ်စွမ်းအားကိုအရင်းပြုပြီး အရာရာကို ရင်ဆိုင်ဖို ဆုံးဖြတ်လိုက်ကြပါတယ်။
ရင်းနှီးသူကနေ သူစိမ်း၊ သူစိမ်းကနေ ချစ်သူအထိပြန်လည်တည်ဆောက်ထားကြတဲ့သူတိုရဲ့ချစ်ခရီးလမ်းက အဆင်ချောပါ့မလား? ဘယ်လိုတွေရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကိုတော့ ဒီစီးရီးလေးမှာ စီးမျောကြည့်ရှုပေးကြပါအုံးနော်။ သေချာတာတစ်ခုကတော့ Romance Queen ဖြစ်တဲ့ Esther Yu ရဲ့စီးရီးမို ကြည့်ရှုသူတွေကို စိတ်ထဲကလိကလိဖြစ်စေမှာကတော့ အသေအချာပါပဲ ပရိသတ်ရေ...!