Movie Name
The Dream Maker
Year
2025
Generes
Drama, Roma
Code
SC0976
Type
Series
Size
15.5 GB
Country
China
Description
၁၉၈၀ အစောပိုင်းကာလ... ပြုပြင်ပြောင်းလဲရေး လေနုအေးတိုက်ခတ်စအချိန်။ Pingchuan ခရိုင်မှာ ဖွံဖြိုးတိုးတက်မှုတွေ မြန်ဆန်လာဖိုအတွက် Yuehai ဆိုတဲ့ မြိုနယ်လေးတစ်ခုကို တည်ထောင်ဖို ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီတာဝန်ကို ထမ်းဆောင်ဖို ဖြစ်လာသူတွေကတော့ စွမ်းဆောင်ရည်ပြည့်ဝပြီး ကိုယ်ရည်ကိုယ်သွေး ထူးခြားတဲ့ ကာဒါခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ "လီချိုးဖိန်" နဲ့ "ကျိန့်တယ်ချန်" တိုပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက Highlight ကတော့ "နိုင်ငံတော်ဘဏ္ဍာငွေ တစ်ပြားတစ်ချပ်မှ မသုံးဘဲ မြိုတစ်မြိုကို တည်ဆောက်ခြင်း" ဆိုတဲ့ အချက်ပါပဲ။ "ပြည်သူ့မြိုပြ ပြည်သူတည်ဆောက်" ဆိုတဲ့ ခံယူချက်နဲ့အတူ ဗဟိုအစိုးရရဲ့ အမှတ် (၁) ညွှန်ကြားချက် ကို အခွင့်ကောင်းယူပြီး လယ်သမားပေါင်းများစွာနဲ့ ပူးပေါင်းကာ ရင်းနှီးမြှုပ်နှံမှုပုံစံသစ်တွေ၊ ဖက်စပ်လုပ်ငန်းတွေကို စတင်ခဲ့ကြပါတယ်။ ဘာမှမရှိတဲ့ သောင်ပြင်ကျယ်ကြီးပေါ်မှာ ခေတ်မီမြိုပြကြီးတစ်ခု ပေါ်ပေါက်လာဖိုဆိုတာ မဖြစ်နိုင်ဘူးလို ထင်ရပေမယ့် သူတို လုပ်ပြနိုင်ခဲ့ကြပါတယ်။ ဒါဟာ မြိုပြတည်ဆောက်ရေး သမိုင်းမှာတော့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုပါပဲ။ လီချိုးဖိန်၊ ကျိန့်တယ်ချန်၊ ရှဲချွန်းလိုင် နဲ့ ကောင်းရွှမေ တိုလို လူငယ်တွေရဲ့ ရဲရင့်ပြတ်သားမှု၊ စွန့်ဦးတီထွင်ရဲမှုတွေက လယ်သမားသိန်းချီရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ နေရောင်ခြည်တွေ တောက်ပနေတဲ့ ၈၀ ခုနှစ်များဆီက လူငယ်တွေရဲ့ စိတ်ဓာတ်ခွန်အားနဲ့ သမိုင်းဝင် လှုပ်ရှားမှုကြီးကို ဒီဇာတ်လမ်းမှာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ Inspiration ကောင်းကောင်းရချင်သူတွေ၊ Business သမားတွေနဲ့ ခေတ်ဟောင်းအငွေ့အသက်ကို ကြိုက်တဲ့သူတွေ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်အဖြစ် ညွှန်းဆိုပေးလိုက်ပါတယ်။