Movie Name
Loving Strangers
Year
2025
Generes
Drama, Roma
Code
SC0977
Type
Series
Size
7.80 GB
Country
China
Description
ကျိုးယွီအန်းက ဆင်းရဲနွမ်းပါးတဲ့ မိသားစုကနေမွေးဖွားလာတဲ့သူဖြစ်ပြီး အဖေဖြစ်သူတွေရဲ့အကြွေးတွေကိုဆပ်ဖိုအတွက် ဘဝကိုကြိုးစားရုန်းကန်နေရတဲ့မိန်းကလေးတစ်ယောက်ပါ။ တစ်ဖက်မှာလည်း ကျန်းကျားချီ က မိသားစုအဆင်မပြေမှုတွေနဲ့ အသက်မွေးဝမ်းကြောင်းမှာပါ ပြဿနာတွေကြုံတွေ့နေရတဲ့လူလတ်ပိုင်းအရွယ်‌အမျိုးသားတစ်ယောက်ဖြစ်ပါတယ်။ သူတိုနှစ်ယောက်က ကုမ္ပဏီလုပ်ငန်းခွင်အားပြိုင်မှုကြားမှာပဲ ဆုံတွေ့ခဲ့ပါတယ်။ ကုမ္ပဏီစီအီးအိုဖြစ်သူ ကုချန်ဟာ ကျန်းကျားချီ ရဲ့ တဲ့တိုးပြောတတ်တဲ့အကျင့်ကြောင့်ပဲ ဆေးဝါးအသစ် ထုတ်လုပ်ဖိုအခွင့်အရေးဆုံးရှုးသွားခဲ့ပါတယ်။ ဒါကိုမကျေနပ်တဲ့ ကုချန် က  ကျန်းကျားချီ  ကိုအလုပ်ထွက်သွားအောင်ဖိအားပေးပြီးနှောင့်ယှက်ဖိုအတွက်ကျိုးယွီအန်းကိုငှားရမ်းခဲ့ပါတော့တယ်။ ကျိုးယွီအန်းကနှောင့်ယှက်ဖိုကြိုးစားရင်းနဲ့  ကျန်းကျားချီရဲ့ နွေးထွေးပြီးတော့ စိတ်ရင်းမှန်နဲ့ဆက်ဆံတဲ့ပုံစံတွေကိုမြင်တွေ့လာတဲ့အခါ... အစပိုင်းမှာတော့ မကောင်းတဲ့တွေ့ဆုံမှုဖြစ်ပေမဲ့ သူတိုအချင်းချင်း ကိုယ်စီထမ်းဆောင်ထားရတဲ့ဘဝရဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုနားလည်လာခဲ့ကြအခါ... အသက်အရွယ်ကွာခြားပေမဲ့ သယ်ပိုးထားတဲ့တာဝန်တွေ စိတ်ဒဏ်ရာတွေကမထင်မှတ်ထားရလောက်အောင်ကြီးမားနေတဲ့အခါ... နောက်ဆုံးမှာတော့ သူတိုနှစ်ယောက်ဟာ တစ်ယောက်ရဲ့ ဒဏ်ရာကို တစ်ယောက်က ကုစားပေးရင်း ဘဝမုန်တိုင်းတွေကို အတူတူကျော်ဖြတ်ကာ အမှောင်ထုထဲကနေ အလင်းရောင်ဆီကိုအတူတကွ လျှောက်လှမ်းသွားနိုင်မလားဆိုတာ ... ဒီဇာတ်လမ်းလေးမှာတော့ မတူညီတဲ့ဘဝနှစ်ခုကြားမှာ မတူညီတဲ့စိတ်ဒဏ်ရာတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကို သယ်ပိုးထားတဲ့လူနှစ်ယောက် အချင်းချင်းဘယ်လိုမျိုးကုသပေးသွားမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ်။