-
Movie Name
-
Love Song In Winter
-
Year
-
2025
-
Generes
-
Drama, Roma
-
Code
-
SC0978
-
Type
-
Series
-
Size
-
8.57 GB
-
Country
-
China
-
Description
-
မေ့ဆေးဆရာဝန်မလေး လုယန်းဟာ ညဂျူတီဆင်းနေတဲ့အချိန် လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက သေဆုံးသွားခဲ့တဲ့ သူငယ်ချင်းဖြစ်သူကို ပြန်လည်တွေ့ဆုံခဲ့ရပြီး သူ(မ)ဘေးပတ်ဝန်းကျင်မှာ ထူးဆန်းထွေလာဖြစ်ရပ်များ စတင်ဖြစ်ပေါ်လာပါတော့တယ်။
လွန်ခဲ့တဲ့ရှစ်နှစ်က အမှုမှန်အကြောင်း စုံစမ်းရင်းနှင့် ထိုအချိန်တုန်းက လွဲချော်ခဲ့ရတဲ့ ချစ်ရသူကောင်လေး ကျန်းချန်ယိနဲ့ ပြန်လည်တွေ့ဆုံခဲ့ရတဲ့အခါ~~
မိမိရဲ့အရင်းနှီးဆုံးသူငယ်ချင်းက မိမိချစ်ရသူကို တစ်ဖက်သတ်ချစ်မြတ်နိုးနေပြီး အတူမရှိနိုင်တာကြောင့် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတယ်လို ထင်ထားခဲ့ပေမဲ့ အဖြစ်မှန်က အဲဒီလိုဟုတ်မနေခဲ့တဲ့အခါ...
ကျန်းချန်ယိနဲ့ လုယန်းတို လွန်ခဲ့တဲ့ရှစ်နှစ်က ထိုအမှုမှန်အကြောင်းစုံစမ်းရင်း အတိတ်က အထင်လွဲမှားမှုတွေ ပြေပျောက်သွားကာ အချင်းချင်းပြန်လည်ပေါင်းစည်း လက်တွဲသွားဖြစ်ခဲ့ကြပါတယ်
လွန်ခဲ့တဲ့ရှစ်နှစ်က အမှုမှန်ကရော ဘယ်လိုဖြစ်နေမလဲ
တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့ ကျန်းချန်ယိနဲ့ လုယန်းတိုချစ်သူနှစ်ဦး ဘယ်အရာတွေကြောင့် လွန်ခဲ့တဲ့ရှစ်နှစ်တုန်းက အချင်းချင်းလွဲချော် ကွဲကွာခဲ့ကြရတာလဲဆိုတာကို ဆောင်းယဉ်စွန်းရဲ့ချစ်သံစဉ်(Love Song In Winter)ဆိုတဲ့ ဇာတ်လမ်းလေးကို အတူလိုက်ပါစီးမျောပြီး ကြည့်ရှုပေးကြပါဦးနော်