-
Movie Name
-
Love On Turquoise Land (2025)
-
Year
-
2025
-
Generes
-
Action, Drama, Roma
-
Code
-
SC0979
-
Type
-
Series
-
Size
-
12.4 GB
-
Country
-
China
-
Description
-
ှေးခေတ်ချင်မင်းဆက်ခေတ်မှာ ချင်ရှစ်ဟွမ်ဟာ ထာဝရအသက်ရှည်တဲ့ဘဝ (အမတဘဝ)ကို ရူးသွပ်စွဲလမ်းခဲ့ပါတယ်။ ဒါကြောင့် သူဟာ "ရှုပ်ထွေးနက်နဲတဲ့စစ်တပ်" (The Tangled Army) ဟု ခေါ်တဲ့စစ်တပ်တစ်ဖွဲကို မသေနိုင်ခြင်းရဲ့လျှိဝှက်ချက်ကိုရှာဖွေဖို စေလွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အချိန်တွေသာကြာလာတယ်၊ ဘာသတင်းအစအနမှမရသလို နောက်ဆုံး ခြေရာလက်ရာတွေပါ လျှိဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့ပါတယ်။
အတိတ်ရဲ့ဇာတ်လမ်းအကြွင်းအကျန်ဟာ အချစ်ဦးကို မမေ့နိုင်ကြသူတွေလိုပဲ လက်ရှိကာလမှာ ရုတ်တရက် ပြန်လည်အသက်ဝင်လာခဲ့ပါတော့တယ်။ ခေတ်သစ်ရဲ့အထူးချွန်ဆုံးပန်းပုဆရာမဖြစ်တဲ့ Nie Jiu Luoက Tangled Army ရဲ့မျိုးဆက်ဖြစ်ပေမဲ့ သာမန်ဘဝမှာသာ နေထိုင်နေသူတစ်ယောက်ပါ။ ဒါပေမဲ့ မူလဇာတိအမှတ်လက္ခဏာ ကြောင့် အတိတ်နဲ့ ဆက်နွယ်မှုတွေကို ရှောင်လွှလိုမရဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ Yan Tuo ဆိုတဲ့ လူငယ်သူဌေးတစ်ဦးကလဲ Lin Xi Rou အမည်ရှိအမျိုးသမီးတစ်ဦး ထိန်းချုပ်ထားတဲ့ သူ့မိသားစုနဲ့ပတ်သက်ရာပတ်သက်ကြောင်းအမှန်တရားကို မရမကရှာဖွေနေပါတယ်။
ဒီလိုမျိုးဘဝဇာတ်ကြောင်းက နက်နဲဆန်းကြယ်တဲ့သူတိုနှစ်ဦးတွေ့ဆုံမိရာကနေ ကံကြမ္မာတွေဟာ ယှက်နွယ်လာပြီး တစ်ဦးနဲ့တစ်ဦးငြိတွယ်တွန်းကန်မိသွားပါတော့တယ်။ နှစ်ဦးသားပူးပေါင်းပြီး Tangled Army ရဲ့လျှိဝှက်ချက်တွေနဲ့ Lin Xi Rou နောက်ကွယ်ကအမှန်တရားကိုစတင်စူးစမ်းကြရာမှ သူတိုစိတ်ကူးထက် ကျော်လွန်တဲ့ကမ္ဘာတစ်ခု earth owl ဆိုတဲ့သတ္တဝါတွေရဲ့လျှိဝှက်ချက်၊ နက်နဲလှတဲ့စွမ်းအားတွေနဲ့ ထာဝရရှင်သန်ခြင်းတိုကြားထဲရောက်ရှိသွားချိန်မှာတော့...
လျှိဝှက်ချက်တွေက သူတိုကို အကူအညီဖြစ်စေမှာလား?
Yan Tuo ကရော သူ့မိသားစုရဲ့နောက်ကြောင်းကို ရှာနိုင်ပါ့မလား??
နက်နဲဆန်းကြယ်မှုတွေကြားမှာ နှစ်ဦးသားရဲ့နှလုံးသားဟာလဲ ပကတိဖြူစင်နိုင်ပါအုံးမလား??? စတဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေနဲ့ ကြည့်ရှုသူရဲ့စိတ်အာရုံကိုဆွဲငင်သွားမှာမို Love on Turquoise Land ဆိုတဲ့ series ကို မဖြစ်မနေစောင့်မျှော်အားပေးကြဖို ညွှန်းလိုက်ရပါတယ်...။