-
Movie Name
-
Love Between Lines(2025 )
-
Year
-
2025
-
Generes
-
Drama, Roma
-
Code
-
SC0980
-
Type
-
Series
-
Size
-
8.87 GB
-
Country
-
China
-
Description
-
ောင်ကျစ်ယွီနဲ့ဟူရှိတိုဟာ လူသတ်မှုဖော်ထုတ်တဲ့ဂိမ်းတစ်ခုမှာ ပထမဆုံးစတင်ဆုံတွေ့ခဲ့ကြပါတယ်။ ဂိမ်းထဲမှာ သူတိုနှစ်ဦးဟာ တရုတ်သမ္မတနိုင်ငံခေတ်ဦးနောက်ခံဇာတ်အိမ်တွေဖန်တီးပြီး ကိုယ်ပိုင်အမည်အရင်းတွေကို ဖျောက်ဖျက်ထားကြကာ လုပ်ကြံဇာတ်လမ်းတွေအတိုင်းသရုပ်ဆောင်ရင်း တစ်ယောက်နဲ့တစ်ယောက် ဘဝအစစ်အမှန်အကြောင်းစပ်စုချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့ကြပါတယ်။
ကံကြမ္မာရဲ့ဖန်တီးမှုကြောင့်ပဲဆိုရလေမလား၊ သူတိုနှစ်ဦးဟာ ပြင်ပကမ္ဘာမှာလည်း တကယ်ဆုံတွေ့ခဲ့ကြပြန်ပါတယ်။ အဲဒီအချိန်ကစပြီး သူတိုရဲ့ဇာတ်လမ်းဟာ ဇာတ်အိမ်နှစ်ခုအဖြစ် ခွဲထွက်သွားပါတော့တယ်။ တစ်ခုက ဂိမ်းထဲက လုပ်ကြံဖန်တီးထားတဲ့ဇာတ်လမ်းဖြစ်ပြီး နောက်တစ်ခုကတော့ သူတိုရဲ့ပြင်ပဘဝက တကယ့်ဆုံတွေ့မှုတွေပါပဲ။
ဒီလိုစိတ်ကူးယဉ်ကမ္ဘာနဲ့လက်ရှိဘဝတွေ ရောထွေးနေတဲ့ကြားမှာ တစ်ဦးအပေါ်တစ်ဦး စစ်မှန်တဲ့ခံစားချက်တွေရှိနေမှန်း နားလည်သဘောပေါက်လာကြပါတယ်။ ကဲ ဒါဆိုရင် တစ်ယောက်အကြောင်း တစ်ယောက်ရှာဖွေတွေ့ရှိသွားပြီး ပျော်ရွှင်စရာကောင်းတဲ့အဆုံးသတ်လေးကို နှစ်ဦးသား ပိုင်ဆိုင်နိုင်ကြမှာလားဆိုတာကိုတော့ အတူစီးမျောခံစားကြည့်ရှုလိုက်ကြပါဦးနော်...။