-
Movie Name
-
Glory (2025)
-
Year
-
2025
-
Generes
-
Action, Drama, Roma
-
Code
-
SC0986
-
Type
-
Series
-
Size
-
13.4 GB
-
Country
-
China
-
Description
-
တော်ဝင်စာမေးပွဲမှာ ပထမအဆင့်ကနေအောင်ခဲ့တဲ့ သခင်ငယ်လေးလုကျန်းလိုင်ဟာ ရာဇဝတ်ရေးရာတရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို ခရီးနှင်နေရင်း မိန်းမဖြစ်သူကိုသတ်တဲ့အမှုတစ်ခုထဲ ပါဝင်ပတ်သက်လိုက်မိပါတယ်။ အဲလိုငြိစွန်းပတ်သက်ခဲ့မှုကြောင့် အရာရှိအသိုင်းအဝိုင်းရဲ့ကြယ်ပွင့်လေးအဖြစ်ကနေ ကူကယ်သူမရှိတဲ့အခြေအနေသို ချက်ချင်းရောက်ရှိသွားခဲ့ရှာပါတယ်။
လုကျန်းလိုင်းခမျာ ဒဏ်ရာဒဏ်ချက်တွေနဲ့ထွက်ပြေးလာရင်း သတိလစ်မေ့မြောသွားချိန်မှာ လက်ဖက်ဘုရင်ရဲ့သမီး ရုန်ရှန်ပေါင်က တွေ့မိရာကနေ သူ့အသက်ကို ကယ်ထားပေးခဲ့ပါတယ်။ သေမင်းခံတွင်းဝကနေ ခက်ခက်ခဲခဲပြန်ရှင်သန်လာတာမို လုကျန်းလိုင်ဟာ သူ့အတွက်တရားမျှတမှုကို ပြန်ရှာဖွေဖိုကြိုးစားပါတော့တယ်။
တကယ်တမ်းတော့ ရုန်ရှန်ပေါင်ဟာ မောက်မာပြီးအထက်စီးဆန်တဲ့အပြင် မိသားစုကြားကအချင်းကိစ္စတွေကြောင့် လုကျန်းလိုင်ကို အမြင်မကြည်နေပါဘူး။ အမြင်မကြည်တာမို ထက်မြက်လှတဲ့သခင်လေးကို အစေခံအဖြစ်လုပ်ခိုင်းခဲ့ပါတယ်။
ဒီလိုနဲ့ အမှုမှန်နဲ့တရားမျှတမှုကိုရှာဖို အတိတ်မေ့ချင်ယောင်ဆောင်နေတဲ့လုကျန်းလိုင်နဲ့ မာနအိုးသခင်မလေးရုန်ရှန်ပေါင်တိုဟာ မသိလိုက်ခင်မှာပဲ တစ်ယောက်ပေါ်တစ်ယောက် မေတ္တာယိုဖိတ်ချစ်စိတ်ဝင်သွားခဲ့ချိန်မှာတော့.....
ပဟေဠိတွေ၊ ဆန်းကြယ်လျှိဝှက်မှုတွေကြားကနေ အမှန်တရားကို နှစ်ဦးသား ဖြေရှင်းဖော်ထုတ်နိုင်ပါ့မလား?
မိသားစုကြားကအရေးကိစ္စကရော ရှန်ပေါင်ထင်ထားသလိုမျိုးပဲလား??
ရန်သူကနေ ချစ်သူအဖြစ်ကို သူတိုနှစ်ဦးသား လွယ်လွယ်လက်ခံနိုင်မှာလားဆိုတာကိုတော့ ကလိကလိဖြစ်ရင်း ကြည့်ရှုခံစားပေးလိုက်ကြပါဦး ပရိသတ်ရေ...!