Movie Name
The Guilty(2026)
Year
2026
Generes
Action, Drama, Roma
Code
SC0991
Type
Series
Size
3.65 GB
Country
China
Description
ဒီတစ်ခါမှာတော့ မှုခင်းစုံထောက်ဇာတ်လမ်းတွဲတွေကို သဘောကျတဲ့ပရိသတ်တွေအတွက် အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ ကောကော Wei Da Xunနဲ့ ကျဲကျဲ Sun Qianတိုရဲ့ မှုခင်းဇာတ်လမ်းတွဲလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။ တည်ငြိမ်အေးဆေးပြီး မုဆိုးသဖွယ်လိမ္မာပါးနပ်လွန်းတဲ့ရဲအရာရှိဟောင်း၊ တောက်ပတဲ့အနာဂတ်ရှိနေပေမဲ့ ပြစ်မှုဟောင်းသုံးခုရှိနေတဲ့ တက္ကသိုလ်ကျောင်းသား၊ အောင်မြင်ကျော်ကြားနေပေမဲ့ နောက်ကွယ်မှာ ရာဇဝတ်မှုများစွာနဲ့ ကျောက်မီးသွေးတွင်းသူဌေး အဲဒီလိုမျိုး အဆင့်အတန်းကွာခြားမှုရှိနေတဲ့ သူတိုသုံးယောက်ဟာ ၁၈နှစ်ကြာပြီးနောက်မှာ လူသတ်မှုတစ်ခုကြောင့် အချင်းချင်းတွေ့ဆုံခဲ့ကြတယ်။ မြိုတော်တစ်ခွင်ကို ကြီးမားတဲ့လှုပ်ခတ်မှုဖြစ်သွားစေခဲ့တဲ့ လူသတ်မှု၊ ရက်စက်သွေးအေးပြီး တုန်လှုပ်ချောက်ခြားဖွယ်လူသတ်မှု၊ ကျောက်မီးသွေးတွင်းရဲ့ ထူးဆန်းလှတဲ့မတော်တဆမှု မတူညီတဲ့အမှုတွဲသုံးခုကို တစ်စုတစ်စည်းတည်း ပေါင်းစည်းလိုက်တဲ့အချိန်မှာတော့  နောက်ကွယ်ကအကြီးမားဆုံးစစ်မှန်တဲ့ တရားခံက ဘယ်သူဖြစ်နေလိမ့်မလဲ...... မတူညီတဲ့သူတိုသုံးယောက်ဟာ တူညီတဲ့အမှုတစ်ခုကြောင့် တွေ့ဆုံခဲ့ကြပြီး နောက်ကွယ်က ဘယ်လိုမျိုးထူးဆန်းတဲ့လျှိဝှက်ချက်တွေကို ရှာတွေ့သွားကြမလဲ၊ ပြစ်မှုကိုယ်စီရှိနေကြတဲ့သူတိုရဲ့ စစ်မှန်တဲ့အတိတ်ကရော ဘယ်လိုဖြစ်နေလိမ့်မလဲ၊ ၁၈နှစ်ကြာပြီးမှတွေ့ဆုံခဲ့ကြပေမဲ့ လွန်ခဲ့တဲ့၁၈နှစ်မှာ သူတိုဟာ ဘယ်လိုပတ်သတ်ဆက်နွယ်မှုတွေ ရှိနေလိမ့်မလဲ ဆိုတာကိုတော့ စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းဇာတ်ကွက်များနဲ့ စိတ်ဝင်စားဖွယ်မှုခင်းဖြေရှင်းကြပုံများကို ကြည့်ရှုနိုင်မှာဖြစ်တာကြောင့် Soulkingdomမှာစောင့်မျှော်ပေးဖို မမေ့ပါနဲ့နော်......