-
Movie Name
-
To My Shore(2025)
-
Year
-
2025
-
Generes
-
Drama, Roma
-
Code
-
SC0995
-
Type
-
Series
-
Size
-
6.18 GB
-
Country
-
China
-
Description
-
Hello Hello Everybody!
GCရဲ့ ဘာသာပြန်လက်ရာနဲ့မှ ကြည့်ချင်ပါတယ်ဆိုပြီး ပူဆာနေတဲ့ အချစ်ကလေးတိုအတွက် To My Shore ဇာတ်ကားလေးကို မြန်မာဘာသာပြန်နဲ့ တင်ဆက်ပေးလိုက်ပါပြီနော်
ဒီကားထဲမှာ အရပ်ရှည်ရှည် ရုပ်ချောချောဖြစ်ပြီး ပျိုတိုင်းခိုက်စေမဲ့ Yun Qiမှ အထက်ပုဂ္ဂိုလ် ဖန်ရှောင်းအဖြစ် သရုပ်ဆောင်ထားပြီး ဦးမှဦးဆိုပြီး လေးစားချစ်ခင်ဖွယ်ဖြစ်တဲ့ ဦးဦးယိုရှူးလန်အဖြစ် Hao Yi Ranမှ သရုပ်ဆောင်ထားပါတယ်
နှစ်ဦးသားက ဓာတုဗေဒမိလွန်းတဲ့အပြင် ကျွန်မတိုရဲ့အရပ်ရှည်ရှည် ကိုကိုချောချော ဖန်ရှောင်းရဲ့ ရှာလကာရည် သောက်မှုအပေါင်း၊ ဦးဦးယိုရှူးလန်ကို ရရှိဖိုအတွက် ဉာဏ်နီဉာဏ်နက် ထုတ်မှုအပေါင်းကို ကလိကလိနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းလေးကတော့
ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုရဲ့ တာဝန်ခံတစ်ယောက်ဖြစ်တဲ့ ယိုရှူးလန်ဟာ ကောင်းမွန်တဲ့အလုပ်တစ်ခုကိုရော ချစ်သူလေးတစ်ယောက်ပါ ပိုင်ဆိုင်ထားပြီး သာယာချမ်းမြေ့သလို အများအားကျရတဲ့ သာမန်ဘဝတစ်ခုကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ် ဒါပေမဲ့ ထိုင်းနိုင်ငံကလုပ်ငန်းစုကို ဆက်ခံသူဖြစ်ပြီး တရုတ်နိုင်ငံကို ပြန်ရောက်ရှိလာတဲ့ ဖန်ရှောင်းနဲ့ ကားမတော်တဆဖြစ်ပြီး တွေ့ဆုံခဲ့မိတဲ့အခါမှာတော့ သူ့ရဲ့တည်ငြိမ်လှပါတယ်ဆိုတဲ့ ဘဝဟာ ရုတ်တရက်အချိုးအကွေ့ အလှည့်အပြောင်းများစွာဖြစ်ပြီး ပြိုပျက်သွားရပါတော့တယ်
ဒီမှာတစ်ခုပြောဖို ကျန်ရှိနေခဲ့တာကတော့ ဦးဦးယိုရဲ့ချစ်သူလေးဟာ ကျန်းကျန်းဆိုတဲ့ ချစ်စရာကောင်လေးတစ်ယောက်ပဲဖြစ်ပါတယ် ဖန်ရှောင်းတစ်ယောက် ယိုရှူးလန်ဟာ လိင်တူစိတ်ဝင်စားသူဆိုတာ သိပြီးနောက်ပိုင်း ဉာဏ်နီဉာဏ်နက်ရှိသမျှအကုန်ထုတ်ပြီး ယိုရှူးလန်ရဲ့အချစ်ရေးကို ဖျက်ဆီးလို ယိုရှူးလန်ကိုမြူဆွယ်ပါတော့တယ်
ဒါပေမဲ့အဆုံးမှာတော့ သူဟာယိုရှူးလန်ကို အချစ်စစ်နဲ့ ချစ်မိသွားခဲ့လေရဲ့ တစ်ဖက်မှာလည်း ရှူးလန်က ဖန်ရှောင်းရဲ့ လုပ်ရပ်တွေကို သိရှိလိုက်ရပြီး သူ့ရဲ့အေးချမ်းနေတဲ့ဘဝနဲ့ တည်ငြိမ်နေတဲ့ အချစ်ရေးကို ဖန်ရှောင်းက တမင်ဖျက်ဆီးခဲ့တယ်ဆိုတာကို ရှာတွေ့သွားတဲ့အခါ
ယိုရှူးလန်အနေနဲ့ ဖန်ရှောင်းကို ခွင့်လွှတ်ပေးနိုင်လေမလား~~
ဖန်ရှောင်းကရော သူချစ်ရတဲ့ ရှူးလန်ရဲ့ခွင့်လွှတ်မှုကိုရော နှလုံးသားကိုရော ရရှိနိုင်လေမလား
ဒီလိုမျိုး ရှုပ်ထွေးလှတဲ့ ချစ်ခြင်းတရားကို သူတိုနှစ်ယောက် ရင်ဆိုင်ကျော်ဖြတ်နိုင်ပါ့မလား ~~
ဒီလို ရင်တခုန်ခုန်နဲ့ ကြည့်ရှုခံစားရမဲ့ ဒီအပိုင်း၁၅ပိုင်းပါရှိတဲ့ "ကမ်းတစ်ဖက်မှ လွှမ်းဖျရောင်နီ (To My Shore)"ဆိုတဲ့ BLကားလေးကို GC Chinese Dramaမှ တင်ဆက်ပြသပေးသွားတော့မှာမို အားလုံးပဲ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်