Movie Name
45 (2025)
Year
2025
Generes
Action
Code
IND1782
Type
Movie
Size
1.46 GB
Country
Bollywood
Description
ဗီနေး(Vinay) ဆိုတာ မိခင်ဖြစ်သူ ချစ်သူဖြစ်သူ မေဂါနာ (Meghana) တို့နဲ့ အတူအေးအေးလူလူ နေထိုင်နေတဲ့ လူလတ်တန်းစား ဆော့ဖ်ဝဲအင်ဂျင်နီယာ တစ်ဦးပါ။ တစ်နေ့မှာ ဗီနေးဟာ ဆိုင်ကယ်မောင်းရင်း ဖုန်းပြောနေမိရာကနေ အမှတ်မထင်ပဲ အနက်ရောင်ခွေးမလေး ရိုစီ (Rosie) ကို တိုက်မိပြီး သေဆုံးသွားစေခဲ့ပါတယ်။ အဲ့ဒီခွေးလေးဟာ နယ်မြေခံဂိုဏ်းစတားကြီး ရာယာပါ (Rayappa) မွေးထားတဲ့ ခွေးလေး ဖြစ်နေခဲ့ပါတယ်။မိခင်သဖွယ် ချစ်ရတဲ့ခွေးလေး သေဆုံးသွားလို့ ဒေါသထွက်နေတဲ့ ရာယာပါဟာ ဗီနေးကို ချက်ချင်းမသတ်သေးဘဲ သူ့ရဲ့လုပ်ရပ် ကို ပြန်လည်ဆင်ခြင်ဖို့နဲ့ ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းဖို့အတွက် ၄၅ ရက် အချိန်ပေးလိုက်ပါတယ်။ အကြောက်တရားတွေနဲ့ ပြည့်နေတဲ့ ဗီနေးဟာ အကာအကွယ်ရှာရင်းနဲ့မှ ရှီဗားနာ (Shivanna) ဆိုတဲ့ ပရဟိတစိတ်ရှိပြီး လူမှုအသိုင်းအဝိုင်းမှာ လေးစားခံရတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ ဆုံတွေ့ခွင့်ရခဲ့ပါတယ်။တစ်ဖက်မှာလည်း ဗီနေးဟာ ထူးဆန်းတဲ့ အိပ်မက်တွေ စတင်မက်လာပါတယ်။ အိပ်မက်ထဲမှာ သူကိုယ်တိုင် ယာဉ်တိုက်မှုနဲ့ သေဆုံးနေတာကို မြင်မက်ခဲ့သလို လက်တွေ့မှာလည်း ခွေးတိုက်မိတာကအစ အိပ်မက်ထဲကအတိုင်း တထပ်တည်း ဖြစ်လာတဲ့အတွက် သူ့ကိုယ်သူ သေမင်းနဲ့ နီးကပ်နေပြီဆိုတာ သိလာပါတယ်။