Movie Name
Maryam: The Untold Story (Aka) Maryam:2025
Year
2025
Generes
Horror
Code
OT0259
Type
Movie
Size
705 MB
Country
Others
Description
ဒီကားက အင်ဒိုနီးရှားမှာ နာမည်ကြီးတဲ့ Lentera Malam podcast က ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်ရိုက်ထားတာပါ။ Horror ကားကောင်းကောင်း ကြိုက်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ကားလို့ ပြောလို့ရပါတယ်။ ဇာတ်လမ်းက မာရီယမ် (Maryam) ဆိုတဲ့ ကောင်မလေးအကြောင်းပါ။ မာရီယမ်က မွေးကတည်းက ပုံမှန်မဟုတ်ဘဲ ခြောက်လှန့်ခံနေရတဲ့သူပေါ့။ ထူးဆန်းတာက သူ့ဆီကို စာတွေ ခဏခဏရောက်လာတယ်။ ဘယ်သူပို့မှန်းမသိဘူး။ လွှင့်ပစ်ပစ်၊ မီးရှို့ပစ်ပစ် အဲဒီစာတွေက သူ့ဆီ ပြန်ပြန်ရောက်လာတတ်တယ်။ နောက်ပိုင်းကျမှ သူသိလိုက်ရတာက သူ့ကို ဂျင်န် (Jinn) တစ်ကောင်က ပူးကပ်ပြီး "ကတိ" တစ်ခုနဲ့ ချည်နှောင်ထားတယ်ဆိုတာပါပဲ။ အဲဒီအကောင်က သူ့နားမှာ အမြဲရှိနေပြီး သူတစ်ယောက်တည်း ကြားရတဲ့အသံတွေနဲ့ လိုက်ပြောနေတတ်တယ်။ သူက ဒီအနှောင်အဖွဲ့ကနေ လွတ်အောင်ရုန်းလေလေ၊ ဟိုအကောင်က ပိုချုပ်လေပဲ။ ကြာလာတော့ မာရီယမ်ကိုယ်တိုင်တောင် သူအသက်ရှင်နေတာက သူ့ဘဝနဲ့သူလား၊ ဟိုအကောင်ရဲ့ အရုပ်သဘောမျိုး ဖြစ်နေပြီလားဆိုတာ ဝေခွဲမရဖြစ်လာတယ်။ သူ့ကို ကူညီပေးတဲ့ ဆရာတွေတောင် အသက်အန္တရာယ်ကြုံရတဲ့အထိ အစွမ်းထက်ပါတယ်။ မာရီယမ်တစ်ယောက် ဒီ "ကတိ" နဲ့ "ဝိညာဉ်အနှောင်အဖွဲ့" ကြားကနေ လွတ်မြောက်နိုင်ပါ့မလား၊ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ဆက်ကြည့်လိုက်တော့နော်။ ဒီကားရဲ့ ထူးခြားချက်က တချို့အခန်းတွေကို အဖြူအမည်း (Black & White) စတိုင်နဲ့ ရိုက်ပြထားတော့ Mood က ပိုပြီး ကြမ်းတယ်လို့ ပြောရမှာပါ။