Movie Name
Vanished (aka) Pencarian Terakhir 2026
Year
2026
Generes
Drama, Horror
Code
OT0560
Type
Movie
Size
788 MB
Country
Others
Description
IMDB မှာ Rating 7.7 အထိတောင်ရထားတဲ့ အင်ဒိုနီးရှား လျှို့ဝှက်ဆန်းကြယ် Thriller ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းက လွန်ခဲ့တဲ့ ၇ နှစ်က ဒရူပီဒါရဲ့မိခင်ဟာ ဆာရာဂန်ဆိုတဲ့တောင်ပေါ်မှာ ပျောက်ဆုံးသွားရာကနေစပါတယ်။ ဒါပေမဲ့ ၇ နှစ်အကြာမှာ ဒရူပီဒါဆီကို အိမ်မက်ပေးတာတွေ၊ အရိပ်အယောင်ပြတာတွေ ဖြစ်လာတယ်။ နေ့စဉ်ရက်ဆက်ဆိုသလိုဖြစ်လာတဲ့အခါ ဒီအရာတွေက ဒရူပီဒါအတွက် သေလူလို့သတ်မှတ်ထားတဲ့ အမေဖြစ်သူကို ပြန်ရှာဖို့တွန်းအားတွေဖြစ်လာပါတယ်။ ဒီအတွက် ထူးဆန်းမှုတွေပြည့်နေတဲ့ ဆာရာဂန်တောင်ကြီးပေါ်ကို ဒရူပီဒါတစ်ယောက်ခရီးနှင်လာရင်းသူ့အမေကိုရှာတွေ့သွားမှာလား? ဒီတောင်ကြီးရဲ့ လျှို့ဝှက်ချက်တွေနဲ့ သူ့ကိုပေးနေတဲ့အိမ်မက်တွေက ဘာတွေလဲဆိုတာကို စိတ်ဝင်တစားကြည့်ရမယ့် ကားလေးဖြစ်ပါတယ်။